Connect with us

Hi, what are you looking for?

LuduNwayOo

News

Tik Tok က​ခြောက်လအတွင်း အ​ကောင့်ကိုး​သောင်း​ကျော်နှင့် ဗီဒီယိုဖိုင် ကိုးသိန်းခန့်ကိုဖယ်ရှားခဲ့ဟုထုတ်ပြန်

ဖယ်ရှားခဲ့သည့် ဗီဒီယိုဖိုင်များတွင် ၉၀ ဒသမ ၃ ရာခိုင်နှုန်းကျော်ကို မည်သူမျှ မကြည့်ခင်ဖယ်ရှားခဲ့ပြီး ၉၃ ဒသမ ၉ရာခိုင်နှုန်းကျော်ကို ၂၄ နာရီအတွင်းဖယ်ရှားခဲ့သည်ဟုလည်းပါရှိသည်။ ဖယ်ရှားခဲ့သည့် ဗီဒီယို ၉၇ ဒသမ ၉ ရာခိုင်နှုန်းသည့် Tik Tok က ကြိုတင်ဖော်ထုတ် ဖယ်ရှားခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ခြောက်လအတွင်း Tik Tok အကောင့်ပေါင်း ၉၂,၀၀၀ကျော်နှင့် ဗီဒီယိုပေါင်း ၈၈၀,၀၀၀ခန့်ကိုဖယ်ရှားခဲ့​ကြောင်း Tik Tok (မြန်မာ) ကဒီဇင်ဘာ ၉ ရက်စွဲဖြင့် ထုတ်ပြန်သည်။

၂၀၂၁ ပထမနှစ်ဝက်ဖြစ်သည့် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ခြောက်လအတွင်းအဆိုပါအ​ကောင့်များနှင့် ဗီဒီယိုဖိုင်များကိုTik Tok၏ လူမူအသိုင်းအဝိုင်းလမ်းညွှန်ချက် သို့မဟုတ် ဝန်ဆောင်မူဆိုင်ရာ မူဝါဒများကို ချိုးဖောက်ခဲ့ခြင်းကြောင်းဖယ်ရှားခဲ့ခြင်းဖြစ်​ကြောင်း​ဖော်ပြထားသည်။

ဖယ်ရှားလိုက်သည့် ဗီဒီယိုများသည် အကြမ်းဖက်အစွန်းရောက်ဝါဒနှင့်ပတ်သတ်ပြီးချိုးဖောက်မူများ၊ ကြမ်းတမ်း၍ အမြင်မတော်သော အကြောင်းအရာများ၊ အမုန်းပွါးဖွယ်
အပြုအမူများ၊ သတင်းမှားများနှင့် အသက်အရွယ်မပြည့်သေးသူများကိုထိခိုက်စေမူများ ပါဝင်ခြင်းကြောင့်ဖြစ်သည်ဟုလည်း ပါရှိသည်။ ထိုသို့ဖယ်ရှားခဲ့သည့် ထဲတွင် အသက်မပြည့်သေးသူများကို ထိခိုက်စေသည့် ဗီဒီယို ၃၅ ရာခိုင်နှုန်းပါဝင်သည်ဟု Tik Tok (မြန်မာ)က ဆိုသည်။ ၁၂ ဒသမ ၉ရာခိုင်နှုန်းသည် ကြမ်းတမ်း၍ အမြင်မတော်သော အကြောင်းအရာများပါဝင်သည့် ဗီဒီယိုဖိုင်ဖြစ်ပြီး အကြမ်းဖက်အစွန်းရောက်ဝါဒနှင့် သက်ဆိုင်သည့် ဗီဒီယို ၆ ဒသမ ၆ ရာခိုင်နှုန်းပါဝင်သည်ဟုလည်းဆိုသည်။ သတင်းမှား ဗီဒီယိုဖိုင်က ၁ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး အမုန်းပွားဖွယ် ဗီဒီယိုများက ၀ ဒသမ ၄၄ ရာခိုင်နှုန်းကျော်ပါဝင်သည်ဟု ​ဖော်ပြထားသည်။

ဖယ်ရှားခဲ့သည့် ဗီဒီယိုဖိုင်များတွင် ၉၀ ဒသမ ၃ ရာခိုင်နှုန်းကျော်ကို မည်သူမျှ မကြည့်ခင်ဖယ်ရှားခဲ့ပြီး ၉၃ ဒသမ ၉ရာခိုင်နှုန်းကျော်ကို ၂၄ နာရီအတွင်းဖယ်ရှားခဲ့သည်ဟုလည်းပါရှိသည်။ ဖယ်ရှားခဲ့သည့် ဗီဒီယို ၉၇ ဒသမ ၉ ရာခိုင်နှုန်းသည့် Tik Tok က ကြိုတင်ဖော်ထုတ် ဖယ်ရှားခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုထားသည်။

Public Service Announcement

Public Service Announcement

သို့​သော် လှိုင်သာယာမြို့နယ်တွင် ဆန္ဒပြ ပြည်သူများကို အကြမ်းဖက်စစ်​ကောင်စီတပ်က အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့စဥ်က ကျူးလွန်ခဲ့​သော စစ်​ကောင်စီ၏ ရဲနှင့်စစ်သားများက ပြည်သူများကို ပစ်သတ်ခဲ့မှုအ​ပေါ် ​လှောင်​ပြောင်​ထားသော၊​ ​အောင်ပွဲခံထား​​သော Tik Tok ဗီဒီယိုဖိုင်များကို ချက်ချင်းဖယ်ရှားခဲ့ခြင်းမပြုခဲ့​ပေ။ ထို​ကြောင့်ပြည်သူများကအဆိုပါဗီဒီယိုဖိုင်များမြင်​တွေ့ခဲ့ရသလို ၊နိုင်ငံတကာသတင်းဌာနများကလည်း ကိုးကား​ဖော်ပြခဲ့သည်ကို​တွေ့ရသည်။

ဆက်စပ်သတင်းများ

News

မြန်မာ အချင်းချင်း ပြန်ပေးဆွဲပြီး Tik Tokပေါ် တင်ခဲ့တဲ့ အမှုအတွက် စုံတွဲ တစ်တွဲကို ဖမ်းဆီးထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။