Connect with us

Hi, what are you looking for?

News

ပြန်ပေးမှုကို Tik Tokမှာ ဗီဒီယို တင်ခဲ့တဲ့ ထိုင်းရောက် မြန်မာနှစ်ယောက် အဖမ်းခံရ

မြန်မာ အချင်းချင်း ပြန်ပေးဆွဲပြီး Tik Tokပေါ် တင်ခဲ့တဲ့ အမှုအတွက် စုံတွဲ တစ်တွဲကို ဖမ်းဆီးထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဘန်ကောက် မြောက်ပိုင်း ပါသွမ်သာနီမှာ နေထိုင်တဲ့ မြန်မာ အမျိုးသမီး တစ်ဦးကို မြန်မာ စုံတွဲ တစ်တွဲက ပြန်ပေးဆွဲ ဖမ်းဆီးလိုက်ပြီး သူ့ကို သံကြိုးခတ်ထားတဲ့ ဗီဒီယိုကို လူမှုကွန်ရက် ပလက်ဖောင်း Tik Tokပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးရဲ့ လက်ကို ကြိုးချည်ပြီး ခြေကျင်းဝတ်မှာ သံကြိုးခတ်ထားတဲ့ ဗီဒီယိုကို Tik Tokပေါ်မှာ ထိုင်းနိုင်ငံသား တစ်ဦးက တွေ့ရှိတဲ့နောက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

နောက်ပိုင်းကျတော့ ဖမ်းထားတဲ့ နှစ်ယောက်က အမျိုးသမီးကို ပြန်လွှတ်ပေးပြီး ဘန်ကောက်မြို့ထဲကို ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါတယ်။ ပြန်ပေးဆွဲ ခံခဲ့ရတဲ့ အမျိုးသမီးက ဒီဖြစ်စဉ်ကို ရဲတွေဆီ တိုင်ကြားခဲ့တဲ့နောက် ကျူးလွန်တဲ့ မြန်မာ အမျိုးသားနဲ့ အမျိုးသမီးကို ဖော်ထုတ် ဖမ်းဆီးလိုက်တာပါ။

အခုကိစ္စမှာ ပါဝင်ပတ်သက် နေသူတွေရဲ့ နာမည် အမှန်တွေကိုတော့ ရဲတွေက မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ ပြန်ပေးဆွဲ ခံရတဲ့ အမျိုးသမီးဟာ မြန်မာနိုင်ငံက Tik Tok သုံးစွဲသူတွေကြားမှာ လူသိများတဲ့ Social Influencer တစ်ယောက်လို့တော့ သတင်းတွေက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။