Connect with us

Hi, what are you looking for?

News

ပုလဲနယ်တွင် စစ်ကောင်စီယာဥ်တန်းကို အဝေးထိန်းမိုင်းများဖြင့်တိုက်ခိုက်ရာ သေဆုံးမှုများဟု ဗိုလ်နဂါးပြော

“ကားလေးစီးပျက်သွားတယ်။ စိန်ပြောင်းနဲ့ ပစ်တာ။ ခြေလျင်ရှေ့ပြေးသွားတဲ့ အဖွဲ့တွေက မိုင်းတွေထိပြီးသေတာ များတယ်။ ကားတွေပေါ်မှာ ပါတဲ့သူတွေလည်း သေတယ်။ ကားလေးစီးက ရွေ့လို့ မရသေးဘူး”ဟု ဗိုလ်နဂါးက ပြောသည်။

ပုလဲမြို့မှ အနောက်ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်၏ ခြေလျင်ရှေ့ပြေးအဖွဲ့နှင့် ယာဥ်တန်းကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သေဆုံးမှုများပြားနိုင်ကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဒီဇင်ဘာ၁၈ရက်) နေ့လည် ၁နာရီ၄၅မိနစ်အချိန်တွင် ပုလဲမြို့မှ ထွက်ခွာလာသော စစ်ကောင်စီတပ်၏ ခြေလျင်ရှေ့ပြေးအဖွဲ့ကို အဝေးထိန်းမိုင်းများခွဲ၍ စတင်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်နဂါးက ပြောသည်။

“စောင့်ပြီးတော့ မိုင်းဆွဲတယ်။ အဝေးထိန်းမိုင်းတွေနဲ့ ဆွဲတယ်။ ရှေ့ပြေးအဖွဲ့က ကျွန်တော်တို့ လိုက်ရှာပြီး ပစ်တယ်။ ကျွ်တော်တို့က ၅မိနစ်တစ်ခါနားလိုက်၊ ခွဲလိုက်လုပ်နေတာ”ဟု ၎င်းက ပြောသည်။

“ကားလေးစီးပျက်သွားတယ်။ စိန်ပြောင်းနဲ့ ပစ်တာ။ ခြေလျင်ရှေ့ပြေးသွားတဲ့ အဖွဲ့တွေက မိုင်းတွေထိပြီးသေတာ များတယ်။ ကားတွေပေါ်မှာ ပါတဲ့သူတွေလည်း သေတယ်။ ကားလေးစီးက ရွေ့လို့ မရသေးဘူး”ဟု ဗိုလ်နဂါးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲတွင် အဝေးထိန်းမိုင်း ၂၁လုံးအသုံးပြုဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PPDF က ထုတ်ပြန်ထားသည်။

ထိုအပြင် ဒီဇင်ဘာ ၁၇ ရက်​နေ့ကလည်း စစ်​ကောင်စီတပ်ကို ပုလဲPDF က ဗုံးခွဲတိုက်ခိုက်ခဲ့၍ ထိ့ခိုက်​သေဆုံးမှုများ​ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်