Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်အတွက် လူကိုယ်တိုင်သွားရောက်သက်သေထွက်ဆိုခွင့်မရတဲ့အတွက် ဗီဒီယိုကွန့်ဖရန့်ဆင်းကတဆင့် ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆိုမယ်

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က NLD ပါတီဝန်းရံသူတွေထံသွားရောက်ခဲ့တာနဲ့ပတ်သက်ပြီးကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ သဘာဝဘေးပုဒ်မ ၂၅ နဲ့စွဲဆိုထားတာပါ။

ပြီးခဲ့တဲ့ ရုံးချိန်းမှာ ဒေါက်တာဇော်မြင့်မောင်ကို ထောင်ဝတ်စုံနဲ့ရုံးထုတ်စစ်ဆေးခဲ့

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် နေပြည်တော်တရားခွင်ကိုလူကိုယ်တိုင်သွားရောက်ထွက်ဆိုဖို့ထောင်အာဏာပိုင်တွေက ခွင့်မပြုတာကြောင့် ဒေါက်တာဇော်မြင့်မောင်ဟာ ဗီဒီယိုကွန့်ဖရန့်ဆင်းကနေ သက်သေထွက်ဆိုမယ်လို့သိရပါတယ်။

မနက်ဖြန်မှာ မန္တလေးအိုးဘိုထောင်ထဲကနေ ဗီဒီယိုကွန့်ဖရန့်ဆင်းနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သက်သေထွက်ဆိုမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က NLD ပါတီဝန်းရံသူတွေထံသွားရောက်ခဲ့တာနဲ့ပတ်သက်ပြီးကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ သဘာဝဘေးပုဒ်မ ၂၅ နဲ့စွဲဆိုထားတာပါ။

Public Service Announcement

Public Service Announcement

အဲဒီအမှုအတွက် ခရီးစဉ်မှာ လိုက်ပါခဲ့သူ ဒေါက်တာဇော်မြင့်မောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေထွက်ဆိုဖို့ ဆန္ဒရှိပေမယ့် ထောင်အာဏာပိုင်တွေက တရားခွင်ကိုလူကိုယ်တိုင်သွားရောက်ထွက်ဆိုဖို့ ခွင့်မပြုခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်မနက်ဖြန်မှာ အမှုစစ်တဲ့အခါ ဗီဒီယိုကွန့်ဖရန့်ဆင်းကတဆင့် သက်သေထွက်ဆိုမှာပါ။

လက်ရှိအချိန်မှာတော့ ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်ဒဏ် ၄ နှစ်ကျခံနေရပြီး အဂတိအမှုတွေနဲ့လည်းရင်ဆိုင်နေရကာ ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက ထောင်ဝတ်စုံနဲ့ ရုံးထုတ်ခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”