Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်အောင်ဆန်းစုကြည်အတွက် လူကိုယ်တိုင်သွားရောက်သက်သေထွက်ဆိုခွင့်မရတဲ့အတွက် ဗီဒီယိုကွန့်ဖရန့်ဆင်းကတဆင့် ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆိုမယ်

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က NLD ပါတီဝန်းရံသူတွေထံသွားရောက်ခဲ့တာနဲ့ပတ်သက်ပြီးကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ သဘာဝဘေးပုဒ်မ ၂၅ နဲ့စွဲဆိုထားတာပါ။

ပြီးခဲ့တဲ့ ရုံးချိန်းမှာ ဒေါက်တာဇော်မြင့်မောင်ကို ထောင်ဝတ်စုံနဲ့ရုံးထုတ်စစ်ဆေးခဲ့

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် နေပြည်တော်တရားခွင်ကိုလူကိုယ်တိုင်သွားရောက်ထွက်ဆိုဖို့ထောင်အာဏာပိုင်တွေက ခွင့်မပြုတာကြောင့် ဒေါက်တာဇော်မြင့်မောင်ဟာ ဗီဒီယိုကွန့်ဖရန့်ဆင်းကနေ သက်သေထွက်ဆိုမယ်လို့သိရပါတယ်။

မနက်ဖြန်မှာ မန္တလေးအိုးဘိုထောင်ထဲကနေ ဗီဒီယိုကွန့်ဖရန့်ဆင်းနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သက်သေထွက်ဆိုမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က NLD ပါတီဝန်းရံသူတွေထံသွားရောက်ခဲ့တာနဲ့ပတ်သက်ပြီးကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ သဘာဝဘေးပုဒ်မ ၂၅ နဲ့စွဲဆိုထားတာပါ။

Public Service Announcement

Public Service Announcement

အဲဒီအမှုအတွက် ခရီးစဉ်မှာ လိုက်ပါခဲ့သူ ဒေါက်တာဇော်မြင့်မောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေထွက်ဆိုဖို့ ဆန္ဒရှိပေမယ့် ထောင်အာဏာပိုင်တွေက တရားခွင်ကိုလူကိုယ်တိုင်သွားရောက်ထွက်ဆိုဖို့ ခွင့်မပြုခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်မနက်ဖြန်မှာ အမှုစစ်တဲ့အခါ ဗီဒီယိုကွန့်ဖရန့်ဆင်းကတဆင့် သက်သေထွက်ဆိုမှာပါ။

လက်ရှိအချိန်မှာတော့ ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်ဒဏ် ၄ နှစ်ကျခံနေရပြီး အဂတိအမှုတွေနဲ့လည်းရင်ဆိုင်နေရကာ ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက ထောင်ဝတ်စုံနဲ့ ရုံးထုတ်ခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။