Connect with us

Hi, what are you looking for?

News

စခန်းသိမ်းတိုက်ပွဲမှ အောင်ပွဲဖြင့်ပြန်လာသည့် KNLA နှင့် PDFပူးပေါင်းတပ်ဖွဲ့ကို ဒေသခံများ ဂုဏ်ပြုကြိုဆို

ဒီဇင်ဘာ ၁၈ရက်ကလည်း မင်းစောကျေးနယ်ဖက်တွင် ဒေသခံများက အောင်ပွဲခံစစ်သည်များကို ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး ယနေ့တွင်မူ ရွှေ အုပ်ကျေးနယ် ဒေသခံပြည်သူများမှ ဂုဏ်ပြုကြိုဆိုခဲ့ကြခြင်းဖြစ်သည်။

ဓာတ်ပုံ - KNU

ကေအဲန်ယူ-သထုံခရိုင် ဘီးလင်းမြို့နယ် ကြသောင်းဆိပ် BGFစခန်းသိမ်းတိုက်ပွဲမှ အောင်ပွဲခံဖြင့် ပြန် လာသော ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့ကို ဒေသခံပြည်သူ လူထုက ယ​နေ့( ဒီဇင်ဘာ ၁၉ရက်) နံနက် ၁၀ နာရီခွဲတွင် ပန်းကုံးများ၊ သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဓာတ်ပုံ – KNU

အခမ်းအနား၌ အောင်ပွဲခံစစ်သည်များကို ပန်းကုံးများ၊ သပြေပန်းများ ဂုဏ်ပြုပေးကမ်းခဲ့ကြပြီး စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ဓာတ်ပုံ – KNU

ဒီဇင်ဘာ ၁၈ရက်ကလည်း မင်းစောကျေးနယ်ဖက်တွင် ဒေသခံများက အောင်ပွဲခံစစ်သည်များကို ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး ယနေ့တွင်မူ ရွှေ အုပ်ကျေးနယ် ဒေသခံပြည်သူများမှ ဂုဏ်ပြုကြိုဆိုခဲ့ကြခြင်းဖြစ်သည်။

ဓာတ်ပုံ – KNU

ကြသောင်းဆိပ်ကျေးရွာရှိ BGF-၁၀၁၃ တပ်စခန်းအား ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ (၁)ဗျူဟာ၊ တပ်ရင်း(၁)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ ဒီဇင်ဘာ၁၇ ရက် နံနက် ၆နာရီ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည၉နာရီခွဲတွင် BGF-၁၀၁၃ စခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းယူနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ