Connect with us

Hi, what are you looking for?

News

ဂန့်ဂေါနယ်ရှိ ကျေးရွာ ၂၂ရွာကို စစ်ကောင်စီတပ်က စစ်ဆင်ရေးပြုလုပ်မည်ဟုဆို

“မနေ့က(ဒီဇင်ဘာ ၂၀)ဂန့်ဂေါမြို့ မှာစကစ အုပ်ချုပ်ရေးအဖွဲ့ ဌာနပေါင်းစုံအစည်းဝေးလုပ်တယ်။ အစည်းဝေး ဆုံးဖြတ်ချက်ထဲမှာ နယ်မြေရှင်းလင်းရေးဆင်းရမယ်ဆိုပြီး အတည်ပြုလိုက်တယ်လို့ သိရပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

■၄၄ စစ်ဆင်ရေး အမည်ဖြင့် ပြုလုပ်မည်ဖြစ်ပြီး ပြည်သူများစားနပ်ရိက္ခာ၊​​ဆေး​ဝါး အ​ရေး​ပေါ်ပစ္စည်းများပြင်ဆင်၍ တိမ်းရှောင်ရမည့်နေရာ ပို့ဆောင်ကြရန် ဂန့်ဂေါမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြံပြု

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များ အခြေချသည်ဆိုသည့် ကျေးရွာများနှင့် ၎င်းတို့ကို အားပေးထောက်ပံ့မှုများပြုလုပ်သည်ဟုစွပ်စွဲခံရသည့် ကျေးရွာ ၂၀ကျော်ကို အကြမ်းဖက်စစ်ကောင်စီက စစ်ဆင်ရေးပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဂန့်ဂေါမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ဂန့်ဂေါမြို့နယ် ထယ်လှော်ကျေးရွာ‌ဒေသခံများ၏ စစ်ဘေးရှောင်စခန်းကို တွေ့ရစဥ်)

အဆိုပါ စစ်ဆင်ရေးအမည်မှာ (၄၄ စစ်ဆင်ရေး)ဖြစ်ပြီး ကျေးရွာတစ်ခုလျှင် နှစ်ရက်နှုန်းဖြင့် ကျေးရွာ ၂၂ခု ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးမည်ဖြစ်သည်။

“မနေ့က(ဒီဇင်ဘာ ၂၀)ဂန့်ဂေါမြို့ မှာစကစ အုပ်ချုပ်ရေးအဖွဲ့ ဌာနပေါင်းစုံအစည်းဝေးလုပ်တယ်။ အစည်းဝေး ဆုံးဖြတ်ချက်ထဲမှာ နယ်မြေရှင်းလင်းရေးဆင်းရမယ်ဆိုပြီး အတည်ပြုလိုက်တယ်လို့ သိရပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ပြည်သူများအနေဖြင့် ရိက္ခာများ ၊လိုအပ်သောဆေးဝါးများအား မိမိ ရှောင်တိမ်းမည့်နေရာများသို့ ကြိုတင်ပို့ဆောင်ထားရန် အကြံပြုတိုက်တွန်းပါတယ်။တိုက်ပွဲ ကြာချိန် ရက်အတိအကျ မသိနိုင်တာမို့ လိုအပ်သည်များကို ပိုပိုလျှံလျှံ ပို့ဆောင်ထားကြဖို့ အကြံပြုပါတယ်” ဟု ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် YawEagle က သတိပေး ထားသည်။

(ဂန့်ဂေါမြို့နယ် ထယ်လှော်ကျေးရွာ‌ဒေသခံများ၏ စစ်ဘေးရှောင်စခန်းကို တွေ့ရစဥ်)

စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDFများအား သုံးလအတွင်း အပြီးသတ် နှိမ့်နင်းမည်ဟု တရုတ်ကို ပေး ထားသည့်ကတိ မအောင်မြင်နိုင်မှန်း ရိပ်စားမိပြီးနောက် ရှုံးမဲ မဲသည့်အနေဖြင့် ပြည်သူအပေါ် အကြမ်း ဖက်မှုများ အရှိန်မြင့်လာနိုင်သည်ဟု စစ်ကိုင်းတိုင်းနေပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သုံးသပ်ထားသည်။

” ရွာလုံးကျွတ်ရှောင်ကြပါ။ကိုယ့်နစ်နာဆုံးရှုံးမူကိုအလဟသမဖြစ်ရအောင် ခုခံကာကွယ်ရေးအစီအစဉ်တချို့ကိုလည်းလုပ်ခဲ့ကြပါ။၄၄ရက်ဆိုတာ ခဏပါ။သုံးလစစ်ဆင်ရေးကျရှုံးသွားလို့နောက်တိုးအရှက်မရှိလုပ်တဲ့စစ်ဆင်ရေးပါ။ဆန်၊ဆီ၊ဆား၊ ဆေးဝါးကျောပိုးအိတ်တစ်လုံးစာလူတိုင်းဆောင်ပြီး အသင့်ပြင်ထားကြပါ။ကျောပိုးအိတ် တစ်လုံးစာရိက္ခာက လူတိုင်းအတွက်ခြွေတာစားရင်လောက်ဌပါတယ်။မိုငိးတွေရွာအနှံ့မြုပ်ခဲ့ကြ။မိုင်းခွဲလို့ရွာကိုမီးကှို့သွားမှာပေါ့လို့မတွေးနဲ့။သူတို့ကရို့ချင်လို့ကို ရှို့မှာပါ။ရန်သူ့အတွက်ရိက္ခာ၊ရေမချန်မိခဲ့စေနဲ့။ရေတွင်းပါ ပိုးသတ်ဆေးဖြန်းခဲ့ပါ။ သူတို့ကျင့်သုံးမယ့် မြေလှန်စနစ်ကို ကိုယ်ကတန်ပြန်ကျင့်သုံးရမှာပါ”ဟု ပြည်သူတစ်ဦးက မှတ်ချက်ပြုထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရွာအနီးနားရှိနေပါက ရွာအတွင်း မဝင်ကြရန်လည်း သတိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယနေ့နံနက်အစောပိုင်းမှစတင်ကာ ယောနယ် ကျေးရွာအချို့ကို ဝင်ရောက်လာပြီး
ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံများကပြောသည်။

ဒီဇင်ဘာ ၁၇ ရက်ကလည်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ၌ ပြည်သူ့ကာကွယ်ရေးတပ်များရှိသည်ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်သည် ရဟတ်ယာဉ် သုံးစီးဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၁၁ ဦး သေဆုံးခဲ့ရသည်။

လက်ရှိအချိန်ထိ နှမ်းခါးရွာ ဒေသခံများအပါအဝင် ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ လေးခုခန့်မှ ပြည်သူထောင်နှင့်ချီ၍ စစ်ဘေးတိမ်ရှောင်နေရဆဲ ဖြစ်ကြောင်းလည်း ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဂန့်ဂေါမြို့နယ်သည် လူဦးရေ တစ်သိန်းကျော်ရှိပြီး ကျေးရွာအုပ်စု ၇၁ ခုရှိကာ မြို့ပြတွင်နေထိုင်သူ ၁၀ ရာခိုင်နှုန်းသာရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။