Connect with us

Hi, what are you looking for?

News

လွန်ခဲ့သည့် ၂ နှစ်က ပို့ကုန်ရ​ငွေများ ရက်၃၀အတွင်းပြည်တွင်း မယူလာလျှင်အ​ရေးယူမည်ဟု စစ်​ကောင်စီခြိမ်း​ခြောက်

ရက်ပေါင်း ၃၀အတွင်း ပို့ကုန်ရငွေများပြည်တွင်းသို့ မယူဆောင်လာပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမူဥပဒေအရ အရေးယူမည် အကြမ်းဖက်စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

အရပ်သားအစိုးရလက်ထက်က ပြည်ပပို့ကုန်တင်ပို့ခဲ့သည့် ကုမ္ပဏီ ၃၅၀ကျော်ကို ပို့ကုန်ရငွေ ဒေါ်လာ သန်း ၁၅၀ကျော် ကိုပြည်တွင်းကို တစ်လအတွင်းပြန်လည်ယူလာရမည်ဟု အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားသည် ဗဟိုဘဏ်က ယနေ့ထုတ်ပြန်လိုက်သည်။

ထိုကုမ္ပဏီများသည် ၂၀၁၉ခုနှစ်တွင် ပို့ကုန်တင်ပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို စာရင်းရှင်းရန် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မူလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တဆင့်အကြောင်းကြားထားပြီးဖြစ်​ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ရက်ပေါင်း ၃၀အတွင်း ပို့ကုန်ရငွေများပြည်တွင်းသို့ မယူဆောင်လာပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမူဥပဒေအရ အရေးယူမည် အကြမ်းဖက်စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

ယခုထုတ်ပြန်ချက်သည့် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်တွင် ကုမ္ပဏီ ၆၆၀ကျော်၏ ဒေါ်လာ သန်း ၅၇၀ကျော်ကို ပြည်တွင်းသို့ပြန်လည်ယူဆောင်ရန် နိုဝင်ဘာ ၂ ရက်ကလည်း သတိပေးခြိမ်းခြောက်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ယခုထုတ်ပြန်သည့် ကုမ္ပဏီ ၃၅၀သည် ပထမအကြိမ် ကြေညာချိန်ကလည်းပါဝင်ခဲ့သည့် ကုမ္ပဏီမျအများစုဖြစ်သည်။ထိုကြောင့် ကုမ္ပဏီ၃၀၀ကျော်က ဒေါ်လာ သန်း ၄၂၀ခန့်ကို အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် ဘဏ်များကို ဒေါ်လာများ ပြန်လည် ယူဆောင်လာပြီးဖြစ်သည့်အဓိပ္ပါယ်ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

“စစ်တပ်က ဒေါ်လာလိုအပ်ချက်များလာရင် ပို့ကုန်ကုမ္ပဏီတွေကို အဓမ္မလာကြပ်နေတာပဲ။ ဒီငွေတွေကုန်ရင် ဘာတွေ ဆက်ပြီးတင်းကြပ်ဦးမလဲဆိုတာစောင့်ကြည့်ရဦးမယ်”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဒုတိယအကြိမ်ထုတ်ပြန်ချက်တွင် ဒေါ်လာ သန်း ၁၀၀ကျော် ပြည်တွင်းကို ပြန်လည်ယူဆောင်မလာသည့် တရုတ် ဝမ်ပေါင်ကုမ္ပဏီအပါအဝင် နာမည်ကျော် ကုမ္ပဏီများပါဝင်ခြင်းမရှိတော့ပေ။

အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားသည့် ဗဟိုဘဏ်က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းက စတင်ပြီး ၉လအတွင်း ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေများကို ပြည်တွင်းသို့ပြန်ယူလာရန်၊ရောင်းချရန် ပုံစံမျိုးစုံဖြင့်ဖိအားပေးနေခြင်းသည်။ ပို့ကုန်ရငွေများကိုလည်း ပြည်တွင်းသို့မဖြစ်မနေယူဆောင်လာရန်နှင့် ပြည်တွင်းဘဏ်များသို့ ရောက်ရှိပါကလည်း ရက်ပေါင်း ၃၀အတွင်း မဖြစ်မနေရောင်းချရန် ဖိအားပေးထားသည်။ ယခုအခါစစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းလတ်တ​လောကုန်သွယ်မှုကိုသာမကဘဲ လွန်ခဲ့သော ၂ နှစ်က ပို့ကုန်ရငွေများကိုပါပြည်တွင်းယူလာရန်ဖိအားပေးခြိမ်း​​ခြောက်အကြပ်ကိုင်​နေခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်က လက်ရှိဈေးကွက်အတွင်းဒေါ်လာရောင်းဝယ်မူကို ထိန်းချုပ်ထားပြီး စက်သုံးဆီ၊စားအုန်းဆီနှင့်ဆေးဝါးများအတွက်သာ ဒေါ်လာကို အချိုးကျသတ်မှတ်သည့်ပမာဏအတိုင်းသာ ထုတ်ရောင်းပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။