Connect with us

Hi, what are you looking for?

News

ထိုင်းကိုလာတဲ့သူတွေ ကွာရင်တင်းဝင်စရာမလိုတဲ့အစီအစဉ် ဒီနေ့ကစတင်ရပ်ဆိုင်း

Test & Go နဲ့ Sandbox အစီအစဉ်ဟာ ထိုင်းနိုင်ငံကို လေကြောင်းလိုင်းနဲ့ ရောက်လာသူတွေကို ကိုဗစ်စစ်ပြီး ပိုးမတွေ့ရင် ကွာရင်းတင်းဝင်စရာမလိုတဲ့အစီအစဉ်တွေဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို လာရောက်သူတွေ ကွာရင်တင်းဝင်စရာမလိုတဲ့ Test & Go အစီအစဉ်ကို ဒီနေ့ကစတင်ပြီး ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ကြေညာလိုက်ပါတယ်။

အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာတာနဲ့ ထိုင်းပြည်သူတွေ ဘေးကင်းဖို့ ကွာရင်းတင်းဝင်စရာမလိုတဲ့အစီအစဉ်ကို ရပ်ဆိုင်းဖို့ဆုံးဖြတ်လိုက်တဲ့အကြောင်း ဒီနေ့ အစိုးရအိမ်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီး ပရာယွတ်က အသိပေးလိုက်တာပါ။

ဆုံးဖြတ်ချက် ချပြီး ၂ပတ်အကြာ ဇန်နဝါရီလ ၄ ရက် နေ့မှာ အခြေအနေတွေကိုပြန်သုံးသပ်မှာဖြစ်ပြီး အဲဒီကာလမတိုင်ခင်တော့ ထိုင်းနိုင်ငံကိုလာရောက်ခွင့်လျှောက်ထားတာကို ခွင့်ပြုတော့မှာမဟုတ်ဘူးလို့ ပရာယွတ်က ဆိုပါတယ်။

Test & Go နဲ့ Sandbox အစီအစဉ်ဟာ ထိုင်းနိုင်ငံကို လေကြောင်းလိုင်းနဲ့ ရောက်လာသူတွေကို ကိုဗစ်စစ်ပြီး ပိုးမတွေ့ရင် ကွာရင်းတင်းဝင်စရာမလိုတဲ့အစီအစဉ်တွေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအစီအစဉ် နဲ့ ထိုင်းကိုလာရောက်ဖို့ ရောက်ထားသူဟာ နှစ်သိန်းလောက် ရှိပြီး တစ်သိန်းတစ်သောင်းလောက်ကတော့ ထိုင်းကိုရောက်ရှိပြီးပြီလို့ ဝန်ကြီးချုပ်ပရာယွတ်က ပြောပါတယ်။

ကျန်နေသေးတဲ့သူတွေကို ထိုင်းနိုင်ငံကိုလာရောက်ခွင့်ပြုမှာဖြစ်ပါတယ်။

Test & Go နဲ့ Sandbox အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်တာကြောင့် ထိုင်းကိုလာရောက်တဲ့သူတွေဟာ ကွာရင်းတင်းဝင်ဖို့လိုလာပါတယ်။

ကွာရင်းတင်းကာလကတော့ လာရောက်တဲ့ နိုင်ငံရဲ့အခြေအနေ ၊ ကာကွယ်ဆေးအမျိုးအစားပေါ်မူတည်ကာ ၇ ရက်ကနေ ၁၀ ရက်အထိ ကြာမြင့်မယ်လို့သိရပါတယ်။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook