Connect with us

Hi, what are you looking for?

LuduNwayOo

News

ထိုင်းကိုလာတဲ့သူတွေ ကွာရင်တင်းဝင်စရာမလိုတဲ့အစီအစဉ် ဒီနေ့ကစတင်ရပ်ဆိုင်း

Test & Go နဲ့ Sandbox အစီအစဉ်ဟာ ထိုင်းနိုင်ငံကို လေကြောင်းလိုင်းနဲ့ ရောက်လာသူတွေကို ကိုဗစ်စစ်ပြီး ပိုးမတွေ့ရင် ကွာရင်းတင်းဝင်စရာမလိုတဲ့အစီအစဉ်တွေဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို လာရောက်သူတွေ ကွာရင်တင်းဝင်စရာမလိုတဲ့ Test & Go အစီအစဉ်ကို ဒီနေ့ကစတင်ပြီး ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ကြေညာလိုက်ပါတယ်။

အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာတာနဲ့ ထိုင်းပြည်သူတွေ ဘေးကင်းဖို့ ကွာရင်းတင်းဝင်စရာမလိုတဲ့အစီအစဉ်ကို ရပ်ဆိုင်းဖို့ဆုံးဖြတ်လိုက်တဲ့အကြောင်း ဒီနေ့ အစိုးရအိမ်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီး ပရာယွတ်က အသိပေးလိုက်တာပါ။

ဆုံးဖြတ်ချက် ချပြီး ၂ပတ်အကြာ ဇန်နဝါရီလ ၄ ရက် နေ့မှာ အခြေအနေတွေကိုပြန်သုံးသပ်မှာဖြစ်ပြီး အဲဒီကာလမတိုင်ခင်တော့ ထိုင်းနိုင်ငံကိုလာရောက်ခွင့်လျှောက်ထားတာကို ခွင့်ပြုတော့မှာမဟုတ်ဘူးလို့ ပရာယွတ်က ဆိုပါတယ်။

Test & Go နဲ့ Sandbox အစီအစဉ်ဟာ ထိုင်းနိုင်ငံကို လေကြောင်းလိုင်းနဲ့ ရောက်လာသူတွေကို ကိုဗစ်စစ်ပြီး ပိုးမတွေ့ရင် ကွာရင်းတင်းဝင်စရာမလိုတဲ့အစီအစဉ်တွေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအစီအစဉ် နဲ့ ထိုင်းကိုလာရောက်ဖို့ ရောက်ထားသူဟာ နှစ်သိန်းလောက် ရှိပြီး တစ်သိန်းတစ်သောင်းလောက်ကတော့ ထိုင်းကိုရောက်ရှိပြီးပြီလို့ ဝန်ကြီးချုပ်ပရာယွတ်က ပြောပါတယ်။

ကျန်နေသေးတဲ့သူတွေကို ထိုင်းနိုင်ငံကိုလာရောက်ခွင့်ပြုမှာဖြစ်ပါတယ်။

Test & Go နဲ့ Sandbox အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်တာကြောင့် ထိုင်းကိုလာရောက်တဲ့သူတွေဟာ ကွာရင်းတင်းဝင်ဖို့လိုလာပါတယ်။

ကွာရင်းတင်းကာလကတော့ လာရောက်တဲ့ နိုင်ငံရဲ့အခြေအနေ ၊ ကာကွယ်ဆေးအမျိုးအစားပေါ်မူတည်ကာ ၇ ရက်ကနေ ၁၀ ရက်အထိ ကြာမြင့်မယ်လို့သိရပါတယ်။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

နိုင်ငံတကာ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။