Connect with us

Hi, what are you looking for?

News

Total ကိုစစ်​ကောင်စီနှင့်လက်တွဲလုပ်ကိုင်​နေမှုချက်ချင်းရပ်ရန် ရှယ်ယာရှင် Coast Capital ​တောင်းဆို

“မြန်မာနိုင်ငံမှာ အခြေအနေဆိုးဆိုးဝါးဝါးဖြစ်နေတာကို အစုရှယ်ယာကုမ္ပဏီတစ်ခုအနေနဲ့ သိရှိထားပါတယ်။ Total Energies ကုမ္ပဏီအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာ ဦးဆောင်မူပေးနိုင်တယ်ဆိုတာကိုလည်း ကျွန်ုပ်တို့ယုံကြည်ထားပါတယ် ”ဟုCoast Capital၏ Founding Partner ဖြစ်သူ James Rastehကပြောသည်။

ရှယ်ယာရှင်ဖြစ်သည့် Coast Capital က ပြင်သစ်ရေနံကုမ္ပဏီကြီး Total Energies ကို မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်​ကောင်စီလင်​အောက်မှ MOGEနှင့်လက်တွဲဆောင်ရွက်နေမူများ ချက်ချင်းရပ်တန့်ရန် ဒီဇင်ဘာ ၂၀ ရက်က တောင်းဆိုလိုက်သည်။

ကနေဒါအခြေစိုက် ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Coast Capitalက MOGEသည် မြန်မာနိုင်ငံတွင် လူအခွင့်အရေးအကြီးအကျယ်ချိုးဖောက်နေသည့် စစ်ကောင်စီကို အဓိကငွေကြေးထောက်ပံ့နေခြင်းကြောင့် ယခုလို အကျိူးတူပူးပေါင်းဆောင်ရွက်မူများရပ်တန့်ရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

Coast Capital ၏ အဆိုအရ ပြင်သစ်ရေနံကုမ္ပဏီ Total Energies သည် မြန်မာနိုင်ငံတွင် လူအခွင့်အရေးချိုးဖောက်နေမူများကို သွယ်ဝှိုက်၍ ငွေကြေးထောက်ပံ့နေသည်ဟု​ဖော်ပြထားသည်။ ထိုကြောင့်Total ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လုပ်ဆောင်နေလုပ်ငန်းများကို ရပ်တန့်ရန်နှင့် ကောင်းမွန်သော ကျင့်ဝတ်ဆိုင်ရာ ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ရန် Coast Capital တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက ငါးနှစ်အောက်ကလေးများအပါအဝင်အနည်းဆုံး လူတထောင်ကျော်ကို သတ်ဖြတ်ခဲ့သည်။ သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဝန်ထမ်းများနှင့် ဆန့်ကျင်သူများကို ဖမ်းဆီးထောင်ချခဲ့သည်။ အခြေခံလူအခွင့်အရေးများကိုပြောင်ပြောင်
တင်းတင်းချိုးဖောက်နေသည်ဟု Coast Capital က​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“မြန်မာနိုင်ငံမှာ အခြေအနေဆိုးဆိုးဝါးဝါးဖြစ်နေတာကို အစုရှယ်ယာကုမ္ပဏီတစ်ခုအနေနဲ့ သိရှိထားပါတယ်။ Total Energies ကုမ္ပဏီအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာ ဦးဆောင်မူပေးနိုင်တယ်ဆိုတာကိုလည်း ကျွန်ုပ်တို့ယုံကြည်ထားပါတယ် ”ဟုCoast Capital၏ Founding Partner ဖြစ်သူ James Rastehကပြောသည်။

Total Energiesအနေဖြင့်တောင်းဆိုချက်များကို ကျေနပ်စွာမဖြေရှင်းပေးဘဲ ပျက်ကွက်နေပါက Total Energies ကုမ္ပဏီ ဘုတ်အဖွဲ့နှင့် ဒါရိုက်တာများကို ဖယ်ရှားရန် Coast Capital ကအခြားရှယ်ယာရှင်ဘုတ်အဖွဲ့များ ဦးဆောင်စည်းရုံးစည်းရုံးသွားမည်ဟုဆိုသည်။ Total ကုမ္ပဏီအနေဖြင့် ကိုယ့်ကျင့်တရားဆိုင်ရာ ပျက်ကွက်မူများကို သုံးသပ်ရန်လည်း Coast Capital က ​ထောက်ပြထားသည်။

မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ်ကတည်းက ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့သည့် ပြင်သစ်ရေနံကုမ္ပဏီ ကြီး Total က လက်ရှိတွင် ရတနာကမ်းလွန်စီမံကိန်းကို အော်ပရေတာအဖြစ် လုပ်ကိုင်လျက်ရှိပြီး နေ့စဉ်ထုတ်လုပ်ရရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ပြည်တွင်းသုံးအတွက်လည်းဖြန့်ဖြူးရောင်းချလျက်ရှိသည်။

Total က မြန်မာနိုင်ငံတွင် ရတနာကမ်းလွန်စီမံကိန်းအပြင် ရခိုင်ကမ်းလွန်ရှိ A-6 လုပ်ကွက်တွင်လည်း ပါဝင်ရင်းနှီးမြှုပ်နှံထားပြီး မုတ္တမပင်လယ်ပြင်ရှိ ကမ်းလွန်ရေနံလုပ်ကွက် အနည်းဆုံး ​လေး ခုကိုလည်း လုပ်ကိုင်ခွင့်ရရှိထားသည်။
Coast Capital Savings Federal Credit Union သည် ကနေဒါနိုင်ငံ တွင်အကြီးဆုံး ဘဏ္ဍာရေး ကုမ္ပဏီကြီး တခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။