Connect with us

Hi, what are you looking for?

News

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် မြန်မာနိုင်ငံသို့ လာရောက်

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၏နှစ်ရက်ကြာခရီးစဉ်အတွင်း စစ်ကောင်စီ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်Harsh Vardhan Shringla သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာခရီးစဉ် ယနေ့(ဒီဇင်ဘာ ၂၂ ရက်)လာရောက်မည်ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမည်ဖြစ်သည်။

အတွင်းဝန်၏နှစ်ရက်ကြာခရီးစဉ်အတွင်း စစ်ကောင်စီ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

အဆိုပါခရီးစဉ်သည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချခဲ့ပြီး စစ်တပ်က အာဏာသိမ်း ခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အိန္ဒိယမှ အဆင့်မြင့်အရာရှိတစ်ဦး ပထမဆုံးလာရောက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ဆက်စပ်တဲ့ကိစ္စရပ်တွေ၊ လုံခြုံရေးနဲ့ အိန္ဒိယ-မြန်မာနယ်စပ်အရေးတွေနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးကြမှာပါ”ဟု အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

Public Service Announcement

Public Service Announcement

အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော်လည်း အခြားနိုင်ငံများ၏ ဒီမိုကရေစီရေးကို ပံ့ပိုးထောက်ကူမှုမပြုခြင်းက ၎င်း၏နိုင်ငံခြားရေးမူဝါဒဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက မှတ်ချက်ပြုသည်။

“ဒါပေမဲ့ခုအဆင့်မြင့်အရာရှိတစ်ယောက်လာတာကတော့ အတော့်ကိုထူးခြားတယ်ဆိုရမယ်။ မြန် မာနဲ့ကနယ်စပ်ချင်းကလည်းထိစပ်နေတာကြောင့်လည်းအဓိကဖြစ်မယ်။ ပြီးတော့အရင်မြန်မာရဲ့ စစ်အာဏာသိမ်းပွဲကခပ်မြန်မြန်ပဲပြီးသွားပြီးစစ်တပ်ကထိန်းချုပ်သွားတာကိုး။ ခုမအလရဲ့အာဏာသိမ်းပွဲက အဲလိုမဟုတ်ဘူး။ ပြည်သူလူထုကလက်နက်ကိုင်လမ်းစဉ်ကိုပါ လိုလားထောက်ပံ့ပြီး အာဏသိမ်းစစ်တပ်ကို ဆန့်ကျင်တွန်းလှန်နေတော့ မြန်မာ့နွေဦးတော်လှန်ရေးအရှိန်ကအားကောင်းလာနေတယ်။ ဒီအရှိန်ရဲ့ဂယက်က ဒေသတွင်းကိုအပြင်အိမ်နီးချင်းအိန္ဒိယကိုပါ သက်ရောက်မှုတွေကရှိကိုရှိလာနိုင်တယ်” ဟု ၎င်းက ဆိုသည်။

အတွင်းဝန်၏ ခရီးစဉ်တွင် မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပြန်တည့်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းကိစ္စကို ရှေ့တန်းတင်ထားသော်လည်း အိန္ဒိယ-မြန်မာ နယ်စပ်အရေးက အဓိကဖြစ်နိုင်ကြောင်း ယင်းနိုင်ငံရေးလေ့လာသူက သုံးသပ်သည်။

ထို့အပြင် အိန္ဒိယသည် စစ်ကောင်စီနှင့် dealing(အပေးအယူ)လုပ်ရန်မဟုတ်ဘဲ လက်ရှိ ပြဿ နာများကို ပြေလည်အောင်ဖြေရှင်းရန် ဖိအားပေးရန် လာရောက်ခြင်းဆိုပါက စစ်ကောင်စီကို တရားဝင်မှုပေးမည့်ခရီးစဉ်ဟု ပြောမရကြောင်း ၎င်းက ဆက်ပြောသည်။

“ဘယ်လိုဆက်ဆံထိတွေ့တာလဲဆိုတဲ့အချက်ကအရေးကြီးမယ်ထင်ပါတယ်။ နောက်တစ်ခုကစကစအနေနဲ့ အိန္ဒိယလာတာကိုအသုံးချပြီး တက်ဖို့လောက်ထိ ကမ္ဘာကြီးကလည်းခွင့်မပြုလောက်ဘူး။ ဒီဘက်ခေတ်မှာ ဒါမျိုးဝါဒဖြန့်တာမျိုးကမရတော့ပါဘူး”ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

Facebook