Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်ဖို့ ရာနဲ့ချီတဲ့ နီပေါနဲ့ အိန္ဒိယ နိုင်ငံသားတွေ လှည့်စားခေါ်ဆောင်ခံခဲ့ရ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ယူကရိန်း စစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်ဖို့ ရာနဲ့ချီတဲ့ နီပေါနဲ့ အိန္ဒိယ နိုင်ငံသားတွေ လှည့်စားခေါ်ဆောင်ခံခဲ့ရ
ယူကရိန်း စစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်ဖို့ ရာနဲ့ချီတဲ့ နီပေါနဲ့ အိန္ဒိယ နိုင်ငံသားတွေ လှည့်စားခေါ်ဆောင်ခံခဲ့ရ

လှည့်စားခေါ်ဆောင် ခံရပြီး ယူကရိန်း စစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေရတယ်ဆိုတဲ့ နီပေါနိုင်ငံသားတွေ အရေးအတွက် နီပေါ အစိုးရက ရုရှားဆီကို ဆက်သွယ်ပြီး အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။

နီပေါ ဒုတိယ ဝန်ကြီးချုပ် ခါဂျီ ရှရက်ရှ်သာ ရုရှား စစ်တပ်ထဲမှာ ပါဝင် အမှုထမ်းနေရပြီး ယူကရိန်း စစ်မြေပြင်ကို ရောက်နေတဲ့ နီပေါနိုင်ငံသားတွေ စာရင်းကို တိတိကျကျ ပေးပို့ဖို့ ရုရှား အစိုးရဆီ တောင်းဆိုထားကြောင်း အခုသီတင်းပတ် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီ နိုင်ငံသားတွေကို ဇာတိနိုင်ငံ ပြန်ခေါ်ဖို့ ဆိုတာက လောလောဆယ်မှာ အခြေအနေတွေ ရှုပ်ထွေးလွန်းနေဆဲလို့ သူက ဝန်ခံခဲ့ပါတယ်။

ရာနဲ့ချီ များပြားတဲ့ နီပေါနဲ့ အိန္ဒိယ နိုင်ငံသားတွေဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ နှစ်ဖက်စလုံးက ပါဝင်တိုက်ခိုက်ပေးနေရတယ်လို့ ဆိုပါတယ်။ အများစုဟာ အကြောင်းအမျိုးမျိုးနဲ့ လှည့်စား ခေါ်ယူခံရပြီး စစ်မြေပြင်ကို ပို့ဆောင် ခံခဲ့ရတာပါ။

သူတို့ရဲ့ မိသားစုဝင်တွေ၊ ဒါမှမဟုတ် ဆွေမျိုးသားချင်းတွေက ယူကရိန်း စစ်မြေပြင်မှာ ပိတ်မိနေတာကြောင့် ကူညီ ခေါ်ထုတ်ပေးဖို့ နီပေါ အစိုးရဆီ ဆက်သွယ် အကူအညီ တောင်းခံထားမှု ၇၀၀ ဝန်းကျင်ထိ ရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နီပေါရဲ့ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ ရှရက်ရှ်သာက သူဟာ အဲဒီကိစ္စကို အသိမ်မွေ့ဆုံး ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပြီး ရုရှား သံအမတ်ကြီး အလက်ဆီ နိုဗီကော့ဗ်နဲ့လည်း ဆက်သွယ် ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ စစ်ပွဲ ဆက်လက် ဖြစ်ပွားနေသ၍ စစ်မြေပြင်ရောက် နီပေါ နိုင်ငံသားတွေကို ပြန်ခေါ်ဖို့က အခက်အခဲတွေ ရှိနေဦးမယ်လို့ သူက မှတ်ချက် ပေးခဲ့ပါတယ်။ သတင်းတွေရဲ့ အဆိုအရ နီပေါ နိုင်ငံသားတွေဟာ ရုရှားဖက်မှာသာ မကဘဲ ယူကရိန်းဖက်ကပါ ပါဝင်တိုက်ခိုက်ဖို့ ဖိအားပေး ခံရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

အိန္ဒိယဖက်မှာလည်း အလားတူ အခြေအနေနဲ့ ပတ်သက်လို့ နောက်ကွယ်က ညှိနှိုင်းမှုတွေ ရှိနေပါတယ်။ ဒေသခံ မီဒီယာတွေရဲ့ ဖော်ပြချက်အရ နီပေါနိုင်ငံသား အနည်းဆုံး ၄၀၀ ကျော်ဟာ လုပ်ခလစာအဖြစ် နီပေါရူပီးငွေ ၃ သိန်းလောက် ရရှိမယ့် အမျိုးသား အကူဝန်ထမ်း အလုပ်အတွက် လူပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ရုရှားဆီ ခေါ်ယူခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

နီပေါ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ တိုက်ပွဲတွေမှာ အသက်စွန့်လိုက်ရတဲ့ နီပေါ နိုင်ငံသား ၁၂ ဦးထက်မနည်း ရှိခဲ့ပြီး ဖြစ်သလို ၁၀၀ ဝန်းကျင်ဟာ ပျောက်ဆုံး၊ ဒဏ်ရာရ အခြေအနေတွေ ကြုံနေတယ်လို့ သိရပါတယ်။ စစ်မြေပြင်ရောက် အိန္ဒိယ နိုင်ငံသားတွေထဲမှာလည်း အနည်းဆုံး ၂ ဦးရဲ့ သေဆုံးမှုကို အတည်ပြုထားနိုင်ပြီး ဖြစ်ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။