Connect with us

Hi, what are you looking for?

News

တွံတေးမြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

“ပစ်ခတ်ရှင်းလင်းပြီးနောက်ရန်ကုန်သို့အရေးပေါ်ကားဖြင့်တင်ဆောင်သွားခဲ့ရပြီးသေမည့်အချိန်ကို ထိုင်စောင့်နေရပြီဖြစ်သည်”ဟု တွံတေး PDF က ဆိုသည်။

တွံတေးမြို့နယ် လာကပုံကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြို့ပြပြောက်ကျားတပ် (တွံတေး)က ယနေ့(ဒီဇင်ဘာ ၂၃) ထုတ်ပြန်သည်။

ယနေ့နံနက် ၁၀ နာရီခန့်တွင် တွံတေးမြို့နယ် လာကပုံကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုက်ရေးမှူး ကုလား(ခ) သန်းလှိုင်အား ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ပစ်ခတ်ရှင်းလင်းပြီးနောက်ရန်ကုန်သို့အရေးပေါ်ကားဖြင့်တင်ဆောင်သွားခဲ့ရပြီးသေမည့်အချိန်ကို ထိုင်စောင့်နေရပြီဖြစ်သည်”ဟု တွံတေး PDF က ဆိုသည်။

ကုလား(ခ)သန်းလှိုင်သည် အကြမ်းဖက်စစ်ကောင်စီ၏ အများပြည်သူနေအိမ်စီးနင်းအကြမ်းဖက်မှုများ၊ အင်အားသုံးကင်းလှည့်အကြမ်းဖက်မှုများတွင် ရှေ့ဆုံးမှလိုက်ပါ၍ သတင်းပေးဒလန်အဖြစ်ကိုယ်တိုင်ပါ၀င်ဆောင်ရွက်နေသောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မြို့ပြပြောက်ကျားတပ်ဖွဲ့၏ ပစ်ခတ်ရှင်းလင်းခြင်းခံရသော ကုလား(ခ)သန်းလှိုင်မှာ စစ်ကောင်စီမှခန့်အပ်သည့် လာကပုံကျေးရွာ၏ ဒုတိယမြောက် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ယခင်အုပ်ချုပ်ရေးမှူး စိုးဝင်းဆိုသူမှာ ပြီးခဲ့သည့်အောက်တိုဘာအတွင်းက ရှင်းလင်းခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook