Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက လေးကေ့ကော်အားလေယာဉ်ဖြင့်ဗုံ နှစ်လုံးကြဲပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ်တိုက်ခိုက်​ကြောင်း KNU ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီမှ ဗုံးကြဲလေယာဉ်ဖြင့်လေးကေ့ကော်ဒေသကို ယ​နေ့(ဒီဇင်ဘာလ၂၃ ရက်)ည ၁၀နာရီ ၁၀မိနစ် အချိန်တွင် ဗုံးနှစ်လုံးလာကြဲသွားခဲ့ပြီး လက်နက်ကြီးအချက်ပေါင်းများစွာဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပါသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU)က ညတွင်းခြင်း သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီသည် ဆိုးဝါးပြင်းထန်သော လူသတ်မှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်စေမည့် လေကြောင်းတိုက်ခိုက်မှုများအား လေးကေကော်ဒေသတွင် အချိန်မရွေး ပြုလုပ်လာနိုင်သည့် အတွက် ကမ္ဘာ့ကုလသမဂ္ဂမှ ဦးစီးလျက်အရေးပေါ်အစည်းအဝေးများကျင်းပပြီး လေကြောင်းပျံသန်းမှု့ကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန် ဒီဇင်ဘာ ၂၀ရက်ကတည်းက ကေအဲန်ယူ-ဗဟိုက မှ ထုတ်ပြန်ချက် ထုတ်ပြန်တောင်းဆိုခဲ့ပါသည်ဟုလည်း​ဖော်ပြထားသည်။

ထိုသို့ထုတ်ပြန်ချက်ထုတ်ပြန်တောင်းဆိုနေသည့်ကြားမှာပင် အာဏာသိမ်းစစ်ကောင်စီသည် လေကြောင်းမှလာရောက် ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့်တကွ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကေအဲန်ယူထုတ်ပြန်ချက်၏ အချက်(၅) အပိုဒ်(ခ)တွင်ပါဝင်သော လေးကေကော်ဒေသအား လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးခြင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏လုပ်ရပ်များအား လစ်လျူမရှုပဲ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးပါရန် ထပ်မံတောင်းဆိုအပ်ပါသည်ဟု ​ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။