Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်ပြီး စစ်တပ်တာဝန်ရှိသူများကို အရေးယူနိုင်ရေး လုပ်ဆောင်မည်ဟုဗြိတိန်​ပြော

မြန်မာပြည်သူများစွာသည် ယခုခရစ္စမတ်ကာလတွင်ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲရမည့်အစား စစ်တပ်အာဏာသိမ်းမှု၏ အကျိုးဆက်များဖြစ်သည့် သေကြေ ပျက်ဆီး ဆုံးရှုံးမှုများဖြင့်သာ ရင်ဆိုင်နေကြရကြောင်း သံရုံး၏ ယနေ့(ဒီဇင်ဘာ ၂၅ ရက်)ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(အကြမ်းဖက်စစ်တပ်၏ ဗုံးကြဲမှု​ကြောင့် ​သောင်ရင်းမြစ်​ဘေးတွင် စစ်​ဘေး​ရှောင်​နေရ​သော က​လေးငယ်များကို ဒီဇင်ဘာ ၂၄ရက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ - ကိုရဲမင်း-AAC)

ဗြိတိန်အစိုးရသည် အဖိနှိပ်ခံမြန်မာပြည်သူအားလုံးနှင့်အတူဆက်လက်ရပ်တည်​မည်ဖြစ်ပြီး စစ်တပ်၏ ကျူးလွန်မှုများအတွက် တာဝန်ရှိသူများကို အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ဗြိတိန်သံရုံးက ထုတ်ပြန်သည်။

“ခွဲခြားဆက်ဆံမှု၊ အလွဲသုံးစားခံရမှုတွေနဲ့ရင်ဆိုင်နေရတဲ့ ပြည်သူအားလုံးနဲ့အတူ ယူကေအစိုးရကဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး၊ ကျူးလွန်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ဗြိတိန်သံအမတ်အဖြစ် ခန့်အပ်ထားခြင်းခံရသူ Pete Vowles က ပြောသည်။

မြန်မာပြည်သူများစွာသည် ယခုခရစ္စမတ်ကာလတွင်ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲရမည့်အစား စစ်တပ်အာဏာသိမ်းမှု၏ အကျိုးဆက်များဖြစ်သည့် သေကြေ ပျက်ဆီး ဆုံးရှုံးမှုများဖြင့်သာ ရင်ဆိုင်နေကြရကြောင်း သံရုံး၏ ယနေ့(ဒီဇင်ဘာ ၂၅ ရက်)ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ခရစ္စမတ်ကာလဟာ စည်းလုံးညီညွတ်မှုအတွက် အချိန်အခါဖြစ်ပြီး ဗြိတိသျှသံရုံးမိသားစု၀င်အားလုံးရဲ့ကိုယ်စား အခုအခက်အခဲဒုက္ခတွေနဲ့ ကြုံတွေ့ခံစားနေရတဲ့ မြန်မာပြည်သူလူထုအတွက် ကိုယ်ချင်းစာကြောင်း မိမိပြောကြားလိုပါတယ်” ဟု Pete Vowles က ဆို သည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး “အခုနှစ်မှာ အထူးသဖြင့် စစ်တပ်ရဲ့ ခွဲခြားဆက်ဆံမှုနဲ့ အလွဲသုံးစားလုပ်ခံနေရတဲ့ မြန်မာနိုင်ငံတလွှားက ခရစ်ယာန်ဘာသာဝင်များနဲ့ တခြားဘာသာဝင်များအတွက် မိမိတို့ဆုတောင်းပေးနေပါတယ်”ဟု ၎င်းက ပြောသည်။

ဘာသာရေး အဆောက်အဦများကို မီးရှို့ဖျက်ဆီးခြင်းနှင့် အသင်းတော်ခေါင်းဆောင်များအပေါ် ပစ်မှတ်ထားခြင်းကဲ့သို့သော လတ်တလော အကြမ်းဖက်မှုများသည် ဘာသာရေးယုံကြည်ချက်ဖြစ်သော အခြေခံလူ့အခွင့် အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း သံရုံးက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။