မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၇၈လမ်းနဲ့ ၇၇လမ်းကြား၊ ၃၈လမ်း ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ရတနာပုံခန်းမအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်း ၇ နာရီလောက်က ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။
“မနက်အစောကြီးရှိသေးတယ် နေတောင် မထွက်သေးဘူး၊ အုန်းဆိုတဲ့အသံအကျယ်ကြီးထွက်လာတာ၊ခဏလည်းနေတော့ ၇၈လမ်းကနေ အလုပ်သွားတာခန်းမရှေ့လည်းရောက်ကော ရဲတွေ၊ စစ်သားတွေအပြည့်ပဲ”လို့မျက်မြင်တွေ့ရသူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီပိုင် ရတနာပုံခန်းမဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ခန်းမလည်းဖြစ်ပါတယ်။

Public Service Announcement


















































