Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင် မင်း​အောင်လှိုင်ယောက္ခမအိမ်​ရှေ့ ဆန္ဒပြသည့် လူငယ်များကို စစ်ကောင်စီက အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီး

“သပိတ်စပြီး ချက်ချင်းပဲ အရပ်ဝတ်နဲ့ ရဲတစ်ယောက် ဝင်ဖမ်းတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ထွက်ပြေးနိုင်ခဲ့တယ်။ တစ်ယောက်မှတော့ အဖမ်းမခံရလိုက်ဘူး။ အကုန်ဘေးကင်းပါတယ် ” ဟု ယင်းလူငယ်က ပြောသည်။

(ဆန္ဒပြလူငယ်များ ကိုင်ဆောင်ခဲ့သည့် စာတန်းများ၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် ယနေ့(ဒီဇင်ဘာ ၂၅) ညနေပိုင်း၌ ဆန္ဒပြသည့် လူငယ်များကို အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများက အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သပိတ်တွင် ပါဝင်ခဲ့သူအချို့က ပြော သည်။

(ဆန္ဒပြလူငယ်များ ကိုင်ဆောင်ခဲ့သည့် စာတန်းများ၊ ဓာတ်ပုံ – CJ)

ယနေ့ ညနေ ၅ နာရီတွင် သမိုင်း ကျိုက်ဝိုင်းဘုရားလမ်းအနီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယောက္ခမအိမ်ရှေ့တွင် ဆန္ဒပြသည့် လူငယ်များကို စစ်ကောင်စီဝင်တစ်ဦးက အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း လူငယ်တစ်ဦးက ပြောသည်။

(ဆန္ဒပြလူငယ်များ ကိုင်ဆောင်ခဲ့သည့် စာတန်းများ၊ ဓာတ်ပုံ – CJ)

“သပိတ်စပြီး ချက်ချင်းပဲ အရပ်ဝတ်နဲ့ ရဲတစ်ယောက် ဝင်ဖမ်းတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ထွက်ပြေးနိုင်ခဲ့တယ်။ တစ်ယောက်မှတော့ အဖမ်းမခံရလိုက်ဘူး။ အကုန်ဘေးကင်းပါတယ် ” ဟု ယင်းလူငယ်က ပြောသည်။

(ဆန္ဒပြလူငယ်များ ကိုင်ဆောင်ခဲ့သည့် စာတန်းများ၊ ဓာတ်ပုံ – CJ)

ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား စစ်​ကောင်စီတပ်များက အကြမ်းဖက်ဖမ်းဆီးခြင်း၊ သေနတ်ဖြင့် ပစ်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသော်လည်း ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချရေး ဆန္ဒထုတ်​ဖော်မှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်​နေဆဲဖြစ်သလို စစ်တပ်ထွက်ကုန်များကိုလည်း သပိတ်​မှောက်​နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။