Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်တွင် မင်း​အောင်လှိုင်ယောက္ခမအိမ်​ရှေ့ ဆန္ဒပြသည့် လူငယ်များကို စစ်ကောင်စီက အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီး

“သပိတ်စပြီး ချက်ချင်းပဲ အရပ်ဝတ်နဲ့ ရဲတစ်ယောက် ဝင်ဖမ်းတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ထွက်ပြေးနိုင်ခဲ့တယ်။ တစ်ယောက်မှတော့ အဖမ်းမခံရလိုက်ဘူး။ အကုန်ဘေးကင်းပါတယ် ” ဟု ယင်းလူငယ်က ပြောသည်။

(ဆန္ဒပြလူငယ်များ ကိုင်ဆောင်ခဲ့သည့် စာတန်းများ၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် ယနေ့(ဒီဇင်ဘာ ၂၅) ညနေပိုင်း၌ ဆန္ဒပြသည့် လူငယ်များကို အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများက အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သပိတ်တွင် ပါဝင်ခဲ့သူအချို့က ပြော သည်။

(ဆန္ဒပြလူငယ်များ ကိုင်ဆောင်ခဲ့သည့် စာတန်းများ၊ ဓာတ်ပုံ – CJ)

ယနေ့ ညနေ ၅ နာရီတွင် သမိုင်း ကျိုက်ဝိုင်းဘုရားလမ်းအနီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယောက္ခမအိမ်ရှေ့တွင် ဆန္ဒပြသည့် လူငယ်များကို စစ်ကောင်စီဝင်တစ်ဦးက အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း လူငယ်တစ်ဦးက ပြောသည်။

(ဆန္ဒပြလူငယ်များ ကိုင်ဆောင်ခဲ့သည့် စာတန်းများ၊ ဓာတ်ပုံ – CJ)

“သပိတ်စပြီး ချက်ချင်းပဲ အရပ်ဝတ်နဲ့ ရဲတစ်ယောက် ဝင်ဖမ်းတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ထွက်ပြေးနိုင်ခဲ့တယ်။ တစ်ယောက်မှတော့ အဖမ်းမခံရလိုက်ဘူး။ အကုန်ဘေးကင်းပါတယ် ” ဟု ယင်းလူငယ်က ပြောသည်။

(ဆန္ဒပြလူငယ်များ ကိုင်ဆောင်ခဲ့သည့် စာတန်းများ၊ ဓာတ်ပုံ – CJ)

ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား စစ်​ကောင်စီတပ်များက အကြမ်းဖက်ဖမ်းဆီးခြင်း၊ သေနတ်ဖြင့် ပစ်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသော်လည်း ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချရေး ဆန္ဒထုတ်​ဖော်မှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်​နေဆဲဖြစ်သလို စစ်တပ်ထွက်ကုန်များကိုလည်း သပိတ်​မှောက်​နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။