Connect with us

Hi, what are you looking for?

News

ငွေတိုက်စာချုပ်များကို KPICT နှင့် NUG ပူးပေါင်း၍ပြည်တွင်း၊ ပြည်ပတွင်စတင်​ရောင်းချ

နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်များကို မြန်မာနိုင်ငံပြည်တွင်း၌ ကေအိုင်အို (KIO) ၏ ငွေကြေးပို့ဆောင်သောစနစ်၊ အုပ်ချုပ်ရေးနှင့် ဘဏ်စနစ်များအတိုင်းရောင်းချသွားမည်ဟု NUGက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အထူးငွေတိုက်စာချုပ်များကို ကချင်KPICT နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးပေါင်း၍ ပြည်တွင်းပြည်ပတွင် စတင်ရောင်းချနေပြီဖြစ်ကြောင်း NUG ၏စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမူဝန်ကြီးဌာနကထုတ်ပြန်ကြေညာသည်။

ဝယ်ယူရမည့် ပုံစံများကို website ပေါ်တွင် ကြေညာပေးသွားမည်ဖြစ်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့က ယမန်​နေ့(ဒီဇင်ဘာ ၂၅ )တွင်ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်များကို မြန်မာနိုင်ငံပြည်တွင်း၌ ကေအိုင်အို (KIO) ၏ ငွေကြေးပို့ဆောင်သောစနစ်၊ အုပ်ချုပ်ရေးနှင့် ဘဏ်စနစ်များအတိုင်းရောင်းချသွားမည်ဟု NUGက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ရောင်းချနိုင်ရန် KPICT (Kachin Political Interim Coordination Team) မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု NUGက ထုတ်ပြန်ထားသည်။ ကချင်အမျိုးသားများကိုယ်စား နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူ ညှိနှိုင်းဆောင်ရွက် ရန်အတွက် Kachin Political Interim Coordination Team (KPICT)ကို မတ်လ ၁၅ ရက်တွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

Public Service Announcement

Public Service Announcement

NUGက နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ် ဒေါ်လာ တစ်ဘီလီယံဖိုးထုတ်ရောင်းရန်စီစဥ်ထားပြီး ပထမအသုတ်အ​နေဖြင့် ဒေါ်လာ သန်း၂၀၀ဖိုးထုတ်ရောင်းခဲ့သည်။
နိုဝင်ဘာ ၂၂ ရက်မှာ NUGက ငွေတိုက်စာချုပ်​တွေစတင်ရောင်းချခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ငွေလွဲကိစ္စရပ်​များကြောင့် တစ်ပတ်ကြာရပ်ဆိုင်း​ကြောင်းကြေငြာခဲ့သည်။
ထိုပြင် ငွေတိုက်စာချုပ်ဝယ်ယူသူ​များအနက် နိုင်ငံတကာက အမည်ပျက်စာရင်းသွင်းသည့် အကြမ်းဖက်စစ်ကောင်စီဝင်​များနှင့် နာမည်တူများက NUG၏ ဘဏ်စာရင်းကို ငွေလွှဲပြောင်းပေးပို့နေ၍ ဘဏ်နှင့် ညှိနှိုင်းဖြေရှင်းလိုသောကြောင့် ငွေတိုက်စာချုပ်ရောင်းချမူများကို ဆက်လက်ရပ်ဆိုင်းထားမည်ဟု NUGက ဒီဇင်ဘာ ၆ ရက်တွင်ထပ်မံ​ကြေညာထားသည်။

ငွေတိုက်စာချုပ်များကို ဒေါ်လာ ၁၀၀၊၅၀၀၊၁,၀၀၀ နှင့် ၅,၀၀၀ တန်ဟူ၍ ထုတ်ရောင်းခဲ့ပြီး တပတ်အတွင်း ဒေါ်လာ ၁၅သန်းဖိုးရောင်းချနိုင်ခဲ့သည်ဟု NUGက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။