Connect with us

Hi, what are you looking for?

News

ငွေတိုက်စာချုပ်များကို KPICT နှင့် NUG ပူးပေါင်း၍ပြည်တွင်း၊ ပြည်ပတွင်စတင်​ရောင်းချ

နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်များကို မြန်မာနိုင်ငံပြည်တွင်း၌ ကေအိုင်အို (KIO) ၏ ငွေကြေးပို့ဆောင်သောစနစ်၊ အုပ်ချုပ်ရေးနှင့် ဘဏ်စနစ်များအတိုင်းရောင်းချသွားမည်ဟု NUGက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အထူးငွေတိုက်စာချုပ်များကို ကချင်KPICT နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးပေါင်း၍ ပြည်တွင်းပြည်ပတွင် စတင်ရောင်းချနေပြီဖြစ်ကြောင်း NUG ၏စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမူဝန်ကြီးဌာနကထုတ်ပြန်ကြေညာသည်။

ဝယ်ယူရမည့် ပုံစံများကို website ပေါ်တွင် ကြေညာပေးသွားမည်ဖြစ်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့က ယမန်​နေ့(ဒီဇင်ဘာ ၂၅ )တွင်ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်များကို မြန်မာနိုင်ငံပြည်တွင်း၌ ကေအိုင်အို (KIO) ၏ ငွေကြေးပို့ဆောင်သောစနစ်၊ အုပ်ချုပ်ရေးနှင့် ဘဏ်စနစ်များအတိုင်းရောင်းချသွားမည်ဟု NUGက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ရောင်းချနိုင်ရန် KPICT (Kachin Political Interim Coordination Team) မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု NUGက ထုတ်ပြန်ထားသည်။ ကချင်အမျိုးသားများကိုယ်စား နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူ ညှိနှိုင်းဆောင်ရွက် ရန်အတွက် Kachin Political Interim Coordination Team (KPICT)ကို မတ်လ ၁၅ ရက်တွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

Public Service Announcement

Public Service Announcement

NUGက နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ် ဒေါ်လာ တစ်ဘီလီယံဖိုးထုတ်ရောင်းရန်စီစဥ်ထားပြီး ပထမအသုတ်အ​နေဖြင့် ဒေါ်လာ သန်း၂၀၀ဖိုးထုတ်ရောင်းခဲ့သည်။
နိုဝင်ဘာ ၂၂ ရက်မှာ NUGက ငွေတိုက်စာချုပ်​တွေစတင်ရောင်းချခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ငွေလွဲကိစ္စရပ်​များကြောင့် တစ်ပတ်ကြာရပ်ဆိုင်း​ကြောင်းကြေငြာခဲ့သည်။
ထိုပြင် ငွေတိုက်စာချုပ်ဝယ်ယူသူ​များအနက် နိုင်ငံတကာက အမည်ပျက်စာရင်းသွင်းသည့် အကြမ်းဖက်စစ်ကောင်စီဝင်​များနှင့် နာမည်တူများက NUG၏ ဘဏ်စာရင်းကို ငွေလွှဲပြောင်းပေးပို့နေ၍ ဘဏ်နှင့် ညှိနှိုင်းဖြေရှင်းလိုသောကြောင့် ငွေတိုက်စာချုပ်ရောင်းချမူများကို ဆက်လက်ရပ်ဆိုင်းထားမည်ဟု NUGက ဒီဇင်ဘာ ၆ ရက်တွင်ထပ်မံ​ကြေညာထားသည်။

ငွေတိုက်စာချုပ်များကို ဒေါ်လာ ၁၀၀၊၅၀၀၊၁,၀၀၀ နှင့် ၅,၀၀၀ တန်ဟူ၍ ထုတ်ရောင်းခဲ့ပြီး တပတ်အတွင်း ဒေါ်လာ ၁၅သန်းဖိုးရောင်းချနိုင်ခဲ့သည်ဟု NUGက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို