Connect with us

Hi, what are you looking for?

News

အိုးဘိုထောင်ထဲကနေ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုပေး

စစ်တပ်အာဏာသိမ်းတဲ့နေ့က နေပြည်တော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေထိုင်တဲ့အိမ်မှာ ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်ဆိုပြီး ပို့ကုန်သွင်းကုန်ဥပဒေ ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတရားစွဲထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမယ့် အမှု ၂ မှုကို ထပ်မံရွှေ့ဆိုင်း

စကားပြောစက်တွေ နေအိမ်မှာ တွေ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စွဲဆိုထားတဲ့အမှု တွေအတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမိန့်ချမယ့်ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့သိရပါတယ်။

ဒီနေ့မှာ အမိန့်ချ ဖို့ ရှိတာဖြစ်ပြီး တရားသူကြီးက အကြောင်းပြချက်တစ်စုံတစ်ရာမပေးဘဲ ထပ်မံရွှေ့ဆိုင်းလိုက်တာပါ။

ကနဦးက ဒီအမှုကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ အမိန့်ချဖို့သတ်မှတ်ခဲ့ပေမယ့် ဒီနေ့ ဒီဇင်ဘာလ ၂၇ ရက်ကိုရွှေ့ထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ဒီနေ့မှာလည်းအမိန့်မချဖြစ်ဘဲ လာမယ့်နှစ် ဇန်နဝါရီလ ၁၀ ရက်ကိုချိန်းလိုက်တယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နေ့က နေပြည်တော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေထိုင်တဲ့အိမ်မှာ ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်ဆိုပြီး ပို့ကုန်သွင်းကုန်ဥပဒေ ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတရားစွဲထားတာပါ။

အဲဒီအမှု ၂ ခုလုံးရဲ့ ပြစ်ဒဏ်ပြဌာန်းချက်အရ စုစုပေါင်း ထောင်ဒဏ် ၄ နှစ်လောက်အထိချနိုင်တာကိုတွေ့ရပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်စည်းကမ်းချိုးဖောက်မှုနဲ့ ဆူပူအောင်လှုံဆော်မှုတို့နဲ့ ဒီဇင်ဘာလ ၆ ရက်က ထောင်ဒဏ် ၄ နှစ်ချထားပါတယ်။ ဒါပေမယ့် ညတွင်းချင်း ထောင်ဒဏ် ၂ နှစ်လျော့ချခဲ့တာရှိပါတယ်။

ဒီနေ့တရားခွင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်စည်းကမ်းချိုးဖောက်မှုနဲ့စွဲထားတဲ့အမှုကို စစ်ဆေးခဲ့ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အိုးဘိုထောင်ကနေ အွန်လိုင်းကတဆင့် သက်သေထွက်ဆိုခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဇော်မြင့်မောင်တို့ တစ်ဦးနဲ့တစ်ဦးနှုတ်ဆက်ခွင့်ရလိုက်ပြီး ကျန်းမာရေးလည်းကောင်းမွန်ကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။