Connect with us

Hi, what are you looking for?

LuduNwayOo

News

အိုးဘိုထောင်ထဲကနေ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုပေး

စစ်တပ်အာဏာသိမ်းတဲ့နေ့က နေပြည်တော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေထိုင်တဲ့အိမ်မှာ ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်ဆိုပြီး ပို့ကုန်သွင်းကုန်ဥပဒေ ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတရားစွဲထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမယ့် အမှု ၂ မှုကို ထပ်မံရွှေ့ဆိုင်း

စကားပြောစက်တွေ နေအိမ်မှာ တွေ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စွဲဆိုထားတဲ့အမှု တွေအတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမိန့်ချမယ့်ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့သိရပါတယ်။

ဒီနေ့မှာ အမိန့်ချ ဖို့ ရှိတာဖြစ်ပြီး တရားသူကြီးက အကြောင်းပြချက်တစ်စုံတစ်ရာမပေးဘဲ ထပ်မံရွှေ့ဆိုင်းလိုက်တာပါ။

ကနဦးက ဒီအမှုကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ အမိန့်ချဖို့သတ်မှတ်ခဲ့ပေမယ့် ဒီနေ့ ဒီဇင်ဘာလ ၂၇ ရက်ကိုရွှေ့ထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ဒီနေ့မှာလည်းအမိန့်မချဖြစ်ဘဲ လာမယ့်နှစ် ဇန်နဝါရီလ ၁၀ ရက်ကိုချိန်းလိုက်တယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နေ့က နေပြည်တော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေထိုင်တဲ့အိမ်မှာ ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်ဆိုပြီး ပို့ကုန်သွင်းကုန်ဥပဒေ ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတရားစွဲထားတာပါ။

အဲဒီအမှု ၂ ခုလုံးရဲ့ ပြစ်ဒဏ်ပြဌာန်းချက်အရ စုစုပေါင်း ထောင်ဒဏ် ၄ နှစ်လောက်အထိချနိုင်တာကိုတွေ့ရပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်စည်းကမ်းချိုးဖောက်မှုနဲ့ ဆူပူအောင်လှုံဆော်မှုတို့နဲ့ ဒီဇင်ဘာလ ၆ ရက်က ထောင်ဒဏ် ၄ နှစ်ချထားပါတယ်။ ဒါပေမယ့် ညတွင်းချင်း ထောင်ဒဏ် ၂ နှစ်လျော့ချခဲ့တာရှိပါတယ်။

ဒီနေ့တရားခွင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်စည်းကမ်းချိုးဖောက်မှုနဲ့စွဲထားတဲ့အမှုကို စစ်ဆေးခဲ့ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အိုးဘိုထောင်ကနေ အွန်လိုင်းကတဆင့် သက်သေထွက်ဆိုခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဇော်မြင့်မောင်တို့ တစ်ဦးနဲ့တစ်ဦးနှုတ်ဆက်ခွင့်ရလိုက်ပြီး ကျန်းမာရေးလည်းကောင်းမွန်ကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်ကျည်သောစိတ်ဓာတ်ဖြင့် မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်ရန် လေးလေးနက်နက်ကတိကဝတ်ပြုလိုက်ကြောင်း ဖော်ပြသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။