Connect with us

Hi, what are you looking for?

News

မန္တလေးခရိုင်တရားရုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တရားရုံးထဲ ရှိနေသူတွေရဲ့ ကိုယ်ရေးအချက်အလက်ကို စစ်ကောင်စီ ယူထား

ဒီပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရမှုမရှိပေမယ့် အဆောက်အဦးရဲ့မှန်တွေ ပျက်စီးခဲ့တာရှိပါတယ်။

မန္တလေးခရိုင်တရားရုံးထဲ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အခင်းဖြစ်တဲ့အချိန်မှာ တရားရုံးထဲ ရောက်နေသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ယူထားလိုက်တယ်လို့သိရပါတယ်။

ဒီနေ့မနက်ပိုင်းက မန္တလေးခရိုင်တရားရုံးရဲ့ ဒုတိယ ထပ်မှာပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

ဒီပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရမှုမရှိပေမယ့် အဆောက်အဦးရဲ့မှန်တွေ ပျက်စီးခဲ့တာရှိပါတယ်။

ပေါက်ကွဲမှုပြီးပြီးချင်းမှာ တရားရုံးအဝင်အထွက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်လိုက်ပြီး တရားရုံးထဲရောက်နေတဲ့ ရှေနေတွေ ၊ အမှုသည်တွေ ၊ လက်ထပ်စာချုပ် လက်မှတ်လာထိုးတဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မေးမြန်းတာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားအချို့ကို ပြန်လည်လွှတ်ပေးခဲ့ရာမှာ အမှန်တကယ် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေမှာ နည်းပါးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရှစ်လေးလုံးအရေးတော်ပုံကာလက ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဟာ ၃၈ နှစ်အကြာမှာတော့ စစ်အာဏာရှင်အောက်ကို ခေါင်းလျှိုဝင်သွားပါပြီ။

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

Facebook