Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးခရိုင်တရားရုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တရားရုံးထဲ ရှိနေသူတွေရဲ့ ကိုယ်ရေးအချက်အလက်ကို စစ်ကောင်စီ ယူထား

ဒီပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရမှုမရှိပေမယ့် အဆောက်အဦးရဲ့မှန်တွေ ပျက်စီးခဲ့တာရှိပါတယ်။

မန္တလေးခရိုင်တရားရုံးထဲ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အခင်းဖြစ်တဲ့အချိန်မှာ တရားရုံးထဲ ရောက်နေသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ယူထားလိုက်တယ်လို့သိရပါတယ်။

ဒီနေ့မနက်ပိုင်းက မန္တလေးခရိုင်တရားရုံးရဲ့ ဒုတိယ ထပ်မှာပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

ဒီပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရမှုမရှိပေမယ့် အဆောက်အဦးရဲ့မှန်တွေ ပျက်စီးခဲ့တာရှိပါတယ်။

ပေါက်ကွဲမှုပြီးပြီးချင်းမှာ တရားရုံးအဝင်အထွက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်လိုက်ပြီး တရားရုံးထဲရောက်နေတဲ့ ရှေနေတွေ ၊ အမှုသည်တွေ ၊ လက်ထပ်စာချုပ် လက်မှတ်လာထိုးတဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မေးမြန်းတာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။