Connect with us

Hi, what are you looking for?

News

လူပေါင်း ၃၅ ဦးထက်မနည်း အစုလိုက်သတ်ဖြတ်ခံရတဲ့ဖရူဆိုမြို့နယ်ဖြစ်စဉ် အတွက် တာဝန်ယူရမယ်လို့ လုံခြုံရေးကောင်စီဖိအားပေး

သတ်ဖြတ်ခံရသူတွေထဲ Save the Children က ဝန်ထမ်း ၂ ဦးလည်းပါသွားပြီး ကျုးလွန်သူတွေကိုတာဝန်ယူမှုရှိစေဖို့အတွက် လုံခြုံရေးကောင်စီက အမြန်ဆုံးဆောင်ရွက်ပေးဖို့ Save the Children က တောင်းဆိုခဲ့တာရှိပါတယ်။

ဖရူဆိုမြို့နယ်မှာ လူပေါင်း ၃၅ ဦးထက်မနည်းအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်အပေါ် တာဝန်ခံမှုရှိဖို့အတွက် ဖိအားပေးခဲ့တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

ဒါအပြင် ဒီဖြစ်စဉ်ကို ကုလလုံခြုံရေးကောင်စီက ရှုတ်ချလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်က ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ်အတွင်းက လမ်းပေါ်မှာ ကလေးနဲ့အမျိုးသမီးအပါအဝင် လူပေါင်း ၃၅ ဦးထက်မနည်းဟာ သတ်ဖြတ်ခံခဲ့ရတာပါ။

သတ်ဖြတ်ခံရသူတွေထဲ Save the Children က ဝန်ထမ်း ၂ ဦးလည်းပါသွားပြီး ကျုးလွန်သူတွေကိုတာဝန်ယူမှုရှိစေဖို့အတွက် လုံခြုံရေးကောင်စီက အမြန်ဆုံးဆောင်ရွက်ပေးဖို့ Save the Children က တောင်းဆိုခဲ့တာရှိပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်မှာတော့ လုံခြုံရေးကောင်စီဟာ ဖရူဆိုဖြစ်စဉ်အတွက် သတင်းထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ဖရူဆိုဖြစ်စဉ်အတွက် တာဝန်ယူမှုရှိဖို့လိုတယ်ဆိုတာကိုဖိအားပေးခဲ့တယ်လို့ ဆိုထားတာတွေ့ရပါတယ်။

ဒါအပြင် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအားလုံးချက်ချင်းရပ်တန့်ဖို့ ၊ လူ့အခွင့်အရေးကိုလေးစားလိုက်နာဖို့ ၊အရပ်သားပြည်သူတွေအတွက် ဘေးကင်းလုံခြုံဖို့တွေကို သတင်းထုတ်ပြန်ချက်ထဲမှာတောင်းဆိုထားပါတယ်။

ပြည်သူလိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပိတ်ပင်တားမြစ်တာမလုပ်ဖို့ ၊ အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံရေး နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုအပြည့်အဝ အကာအကွယ်ပေးဖို့ကိုလည်း ဖိအားပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး နဲ့ မြန်မာပြည်သူလူထုအပေါ် ထောက်ခံမှုကိုလည်းထပ်လောင်းအတည်ပြုခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။