Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက်စစ်ကောင်စီကို ICC ၌ တရားစွဲရမည်ဟု မေရီလန်းချင်း အဖွဲ့အစည်းထုတ်ပြန်

ယင်းကဲ့သို့သော ရက်စက်ယုတ်မာမှုများကို ရပ်တန့်နိုင်ရေးအတွက် အမေရိကန်ဘိုင်ဒန်အစိုးရအဖွဲ့၊ နိုင်ငံတကာ အသိုင်းအဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့က မြန်မာစစ်တပ်ကို ပိုမိုဖိအားပေးရန် SAM က တိုက်တွန်းသည်။

လူသားများနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကြောင့် မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး(ICC)၌ တရားစွဲရမည်ဟု အမေရိကန် မေရီလန်းချင်းအဖွဲ့အစည်း (SAM)က ယမန်နေ့(ဒီဇင်ဘာ ၃၀ရက်)တွင် ထုတ်ပြန်သည်။

ဒီဇင်ဘာ ၃၀ ရက်က ချင်းပြည်နယ် ထန်တလန်မြို့ရှိ ဘုရားကျောင်း Thantlang AG Church ကို မြန်မာ စစ်တပ်က မီးရှို့ခဲ့မှုနှင့်ပတ်သက်၍ SAM က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါ မီးရှို့ခဲ့မှုနှင့် ချင်းပြည်နယ်အတွင်း လူနေအိမ်များ၊ ဘုရားကျောင်းများကို ဆက်လက်မီးရှို့ဖျက်ဆီးနေမှုကို ပြင်းထန်စွာရှုတ်ချကြောင်း ယင်းကြေညာချက်၌ ဖော်ပြသည်။

ထို့အပြင် ဒီဇင်ဘာ ၂၄ရက်က ကယားပြည်နယ်၌ ကလေးငယ် ၄ ဦးနှင့် Save the Children ဝန်ထမ်း ၂ ဦး အပါအဝင် အရပ်သားပြည်သူအနည်းဆုံး ၃၅ ဦးကို မြန်မာစစ်တပ်က မီးရှို့သတ်ဖြတ်ခံခြင်းကိုလည်း SAM က ထုတ်ပြန်သည်။

ယင်းကဲ့သို့သော ရက်စက်ယုတ်မာမှုများကို ရပ်တန့်နိုင်ရေးအတွက် အမေရိကန်ဘိုင်ဒန်အစိုးရအဖွဲ့၊ နိုင်ငံတကာ အသိုင်းအဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့က မြန်မာစစ်တပ်ကို ပိုမိုဖိအားပေးရန် SAM က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ပြည်တွင်းနေရပ်တိမ်းရှောင်သူများကို ကာကွယ်မှုပေးရန်နှင့် လူသားချင်းစာနာမှုအကူအညီပေးရန် ထန်တလန်နှင့် အခြားဒေသများသို့ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအသိုင်းအဝန်းက အမြန်ဆုံးဝင်ရောက်ခွင့်ရရှိရေး အတွက်လည်း SAM က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။