Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက်စစ်ကောင်စီကို ICC ၌ တရားစွဲရမည်ဟု မေရီလန်းချင်း အဖွဲ့အစည်းထုတ်ပြန်

ယင်းကဲ့သို့သော ရက်စက်ယုတ်မာမှုများကို ရပ်တန့်နိုင်ရေးအတွက် အမေရိကန်ဘိုင်ဒန်အစိုးရအဖွဲ့၊ နိုင်ငံတကာ အသိုင်းအဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့က မြန်မာစစ်တပ်ကို ပိုမိုဖိအားပေးရန် SAM က တိုက်တွန်းသည်။

လူသားများနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကြောင့် မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး(ICC)၌ တရားစွဲရမည်ဟု အမေရိကန် မေရီလန်းချင်းအဖွဲ့အစည်း (SAM)က ယမန်နေ့(ဒီဇင်ဘာ ၃၀ရက်)တွင် ထုတ်ပြန်သည်။

ဒီဇင်ဘာ ၃၀ ရက်က ချင်းပြည်နယ် ထန်တလန်မြို့ရှိ ဘုရားကျောင်း Thantlang AG Church ကို မြန်မာ စစ်တပ်က မီးရှို့ခဲ့မှုနှင့်ပတ်သက်၍ SAM က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါ မီးရှို့ခဲ့မှုနှင့် ချင်းပြည်နယ်အတွင်း လူနေအိမ်များ၊ ဘုရားကျောင်းများကို ဆက်လက်မီးရှို့ဖျက်ဆီးနေမှုကို ပြင်းထန်စွာရှုတ်ချကြောင်း ယင်းကြေညာချက်၌ ဖော်ပြသည်။

ထို့အပြင် ဒီဇင်ဘာ ၂၄ရက်က ကယားပြည်နယ်၌ ကလေးငယ် ၄ ဦးနှင့် Save the Children ဝန်ထမ်း ၂ ဦး အပါအဝင် အရပ်သားပြည်သူအနည်းဆုံး ၃၅ ဦးကို မြန်မာစစ်တပ်က မီးရှို့သတ်ဖြတ်ခံခြင်းကိုလည်း SAM က ထုတ်ပြန်သည်။

ယင်းကဲ့သို့သော ရက်စက်ယုတ်မာမှုများကို ရပ်တန့်နိုင်ရေးအတွက် အမေရိကန်ဘိုင်ဒန်အစိုးရအဖွဲ့၊ နိုင်ငံတကာ အသိုင်းအဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့က မြန်မာစစ်တပ်ကို ပိုမိုဖိအားပေးရန် SAM က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ပြည်တွင်းနေရပ်တိမ်းရှောင်သူများကို ကာကွယ်မှုပေးရန်နှင့် လူသားချင်းစာနာမှုအကူအညီပေးရန် ထန်တလန်နှင့် အခြားဒေသများသို့ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအသိုင်းအဝန်းက အမြန်ဆုံးဝင်ရောက်ခွင့်ရရှိရေး အတွက်လည်း SAM က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရတဲ့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးဟာ မှတ်ဉာဏ်ချွတ်ယွင်းမှု ပြဿနာနဲ့ အကြီးအကျယ် ရုန်းကန်နေရတယ်လို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။ ICCရဲ့ စည်းမျဉ်းတွေအရ တရားစွဲဆို ခံရပြီး ခုခံလျှောက်လဲမယ့်သူဟာ သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေကို...

အတွေးအမြင်

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီးချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်အရှိန်မြှင့်တင်အကောင်အထည်ဖော်နေတဲ့ ရတနာပုံနည်းပညာမြို့သစ်စီမံကိန်း ဧရိယာထဲပါနေတဲ့ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အခုလ စက်တင်ဘာလ ၁၈ ရက်နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ပြင်ဦးလွင်ခရိုင် မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စာထုတ်ထားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။