Connect with us

Hi, what are you looking for?

LuduNwayOo

News

NUGနှင့် အကြမ်းဖက်စစ်ကောင်စီ တွေ့ဆုံ​​ဆွေးနွေးသည်ဟု သတင်းအမှားဝါဒဖြန့် ၊ လုံးဝသတင်းအမှားဟု ကာကွယ်ရေးဝန်ကြီး တုံ့ပြန်

“လုံး၀သတင်းအမှားပါ။ ဦးရည်မွန်လည်း ချင်းမိုင်မှာမရှိသလို စစ်ကောင်စီနဲ့တွေ့ဖို့လည်းအကြောင်းမရှိပါ”ဟု ဦးရည်မွန်၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင် ရေးသားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံညှိနှိုင်းသည်ဟူသော လူမှုကွန်ရက်၌ ဝါဒဖြန့်မှုများမှာ သတင်းအမှားဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဖြေရှင်းတုံ့ပြန်ထားသည်။

Aung Naing Htwe အမည်ဖြင့်ဖေ့စ်ဘုတ်သုံးစွဲသူက “နစက နှင့် NUG တို့ချင်းမိုင်မှာ ညှိနှိုင်းကြပါတယ်ခင်ဗျာ” ဟု ဝါဒဖြန့်ရေးသားထားခြင်းအပေါ် ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က စစ်ကောင်စီနှင့်တွေ့ဆုံရန်အကြောင်း မရှိကြောင်း တုံ့ပြန်ထားသည်။

“လုံး၀သတင်းအမှားပါ။ ဦးရည်မွန်လည်း ချင်းမိုင်မှာမရှိသလို စစ်ကောင်စီနဲ့တွေ့ဖို့လည်းအကြောင်းမရှိပါ”ဟု ဦးရည်မွန်၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင် ရေးသားထားသည်။

Aung Naing Htwe အကောင့်က ၎င်း၏ ရေးသားမှုသည် ရာနှုန်းပြည့်မှန်ကန်ပြီး ဦးရည်မွန်ထံမှ ရရှိသည့် သတင်းဖြစ်ကြောင်း ဝါဒဖြန့်ထားသည်။

Public Service Announcement

Public Service Announcement

Aung Naing Htwe အကောင့်သည် ဂိုလ်ရှယ်လေးဟု ဖေ့စ်ဘွတ်ခ်၌ လူသိများပြီး သတင်းအမှားများကို ထင်မြင်ချက်များဖြင့် ပုံမှားရိုက်နေသူဖြစ်ကြောင်းနှင့် စစ်ကောင်စီအလိုကျ ဝါဒဖြန့် နေသူဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်သုံးစွဲသူအချို့က မှတ်ချက်ပြုရေးသားသည်။

စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှ အမြစ်ပြတ်အောင် တော်လှန်နေသူအားလုံးက ‘သွေးကြွေးတွင် ဆွေးနွေးစရာ’ ဟူသောကြွေးကြော်သံဖြင့် အရေးတော်ပုံအောင်မြင်သည်အထိ ဆက်လက်ချီတက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။