Connect with us

Hi, what are you looking for?

News

မတူပီ – ပလက်၀လမ်းရှိ ထယ်ဘွေး စစ်ကောင်စီတပ်စခန်းကို CDF ထပ်မံတိုက်ခိုက်

“ဒဏ်ရာက အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ဒါပေမဲ့ အခြေထောက်တော့ သိပ်အဆင်မပြေဘူး အခြေအနေမကောင်းဘူး”ဟု မတူပီ CDF ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

(မတူပီ CDF ရဲဘော်များ လေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - CDF MATUPI)

ချင်းပြည်နယ် မတူပီ – ပလက်၀လမ်းပေါ်ရှိ ထယ်ဘွေး စစ်ကောင်စီတပ်စခန်းအား ဒုတိယအကြိမ် တိုက်ခိုက်မှုကို ယနေ့(ဇန်နဝါရီ ၄ရက်) နံနက် ၁၀နာရီခန့်မှ စတင်လုပ်ဆောင်နေကြောင်း မတူပီ CDFက သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၃ရက်)တွင် အဆိုပါ ထယ်ဘွေးတပ်စခန်းကို CDF မတူပီက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်။

(မတူပီ CDF ရဲဘော်များ လေ့ကျင့်နေစဥ်၊ ဓာတ်ပုံ – CDF MATUPI)

“မနေ့က စစ်ကောင်စီဘက်က ငါးဦးကျတယ်။ ပြီးတော့ ၁၀ယောက်ကနေ ၁၅ယောက်အကြား ဒဏ်ရာရတယ်။ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိဘူး။ ညနေပိုင်း ၆နာရီလောက်မှာ အင်အားအလုံးအရင်းနဲ့ မတူပီ ဟားခါး လမ်းဘက်ကို စစ်ကြောင်းချီလာတာကို ကျွန်တော်တို့ ဝင်ပစ်တာ အသေအပျောက်တော့ အတည်မပြုနိုင်ဘူး ဒါပေမဲ့ အရှင်နှစ်ယောက်ဖမ်းထားတယ်။ ဒီမနက်မှာလည်း ထပ်ဖြစ်တယ် ထယ်ဘွေးစခန်းမှာ”ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

(မတူပီ CDF ရဲဘော်များ လေ့ကျင့်နေစဥ်၊ ဓာတ်ပုံ – CDF MATUPI)

ယနေ့ ထယ်ဘွေးစခန်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် CDF တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒဏ်ရာက အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ဒါပေမဲ့ အခြေထောက်တော့ သိပ်အဆင်မပြေဘူး အခြေအနေမကောင်းဘူး”ဟု မတူပီ CDF ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

ထို့အပြင် တိုက်ပွဲသတင်းကို ဆက်လက်ထုတ်ပြန်သွားမည်ဟု မတူပီ CDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။