Connect with us

Hi, what are you looking for?

News

မုံရွာလဝကရုံးနှင့် စစ်​ကောင်စီတပ်သားမျာစု​နေ​သော​နေရာကို ​ဒေသခံ​​တော်လှန်ရေးအဖွဲ့များ ဗုံးခွဲတိုက်ခိုက်

မြို့ပြပြောက်ကျားတပ်ဖွဲ့များကလည်း နံနက်၄နာရီမှ နေ့လည်၁နာရီအထိ မုံရွာမြို့ရှိနေရာလေးနေရာကို သွားလာခြင်းမပြုကြရန် ထုတ်ပြန်ကြေညာထားသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လ.ဝ.က(လူဝင်မှုကြီးကြပ်​ရေး) ရုံး ယနေ့နံနက်ပိုင်းကဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း မြို့ခံများက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၄ရက်နေ့) နံနက် ၁၁နာရီခန့်က စစ်ကိုင်းတိုင်း၊မုံရွာမြို့ အမြင့်လမ်းခွဲရှိ လဝကရုံးအား Monywa Revolution Army၊ Monywa Heroes Groupနှင့် South Monywa-PDF တို့ကလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ထုတ်ပြန်သည်။

အဆိုပါ ဗုံးပစ်တိုက်ခိုက်ခံရမှုကြောင့် လဝကရုံးအတွင်းရှိ ပစ္စည်းများ အများအပြားထိခိုက်ပျက်စီးပြီး အခြား ထိခိုက်ကျဆုံးမှုများ မသိရသေးကြောင်း ၎င်းတို့က အသိပေးသည်။

ထိုအပြင် ယနေ့ (ဇန်နဝါရီလ ၄ ရက်နေ့)နံနက် ၆နာရီခွဲ အချိန်က မုံရွာမြို့အထွက် ညောင်ပင်စောက်နှင့် အမြင့်လမ်းဆုံ၌ စစ်ကောင်စီတပ်သား ၂၀ဦးကို ဟာမိတ်များ၏ ပဒေသာမိုင်းခြောက်လုံးဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း မုံရွာအခြေစိုက် ဗိုလ်မိုးကြိုးနှင့်အဖွဲ့သားများက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ဦးစီးကျင်းပမည့် လွတ်လပ်ရေးနေ့အခမ်းအနားကို သပိတ်မှောက်ခြင်းဖြင့် ၎င်းတို့၏ ဝပ်ကျင်းများနှင့် စစ်ဆေးရေးဂိတ်များကို ပြည်သူများရှောင်ကြဉ်သွားကြရန် အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု (N.P.R.F)ကလည်း သတင်းထုတ်ပြန်ကြေညာသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့များကလည်း နံနက်၄နာရီမှ နေ့လည်၁နာရီအထိ မုံရွာမြို့ရှိနေရာလေးနေရာကို သွားလာခြင်းမပြုကြရန် ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။