Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖက်ဆစ်စစ်အုပ်စုကို အမြစ်ပြတ်နှိမ်နင်းရန် တိုက်ပွဲများစတင်ဆင်နွှဲ​တော့မည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကြေညာ

BPLA၏ နိုင်ငံရေးရည်မှန်းချက်များမှာ အာဏာရှင် စနစ်ကျဆုံးပြီး ပြည်သူလူထုအားလုံးအဖိနှိပ်ခံဘ၀မှလွတ်မြောက်ရေး၊ လူမျိုးကြီးဝါဒချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီနှင့်လူ့ရပိုင်ခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်တည် ဆောက်ရေးတို့ ဖြစ်သည်။

ပြည်သူလူထုကို အကြမ်းဖက်နေသည့် ဖက်ဆစ်စစ်အုပ်စုကို အမြစ်ပြတ်နှိမ်နင်းသွားရန် တိုက်ပွဲများ စတင်ဆင်နွှဲ​တော့မည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ယနေ့(ဇန်နဝါရီ ၄ ရက်)ထုတ်ပြန် ကြေညာသည်။

အကြမ်းဖက်စစ်အုပ်စုကို တိုက်ပွဲဆင်နွှဲရာတွင် ဘုံရည် မှန်းချက်တူညီသည့်အဖွဲ့အစည်းများနှင့် မဟာမိတ်ပြုလုပ်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

BPLA၏ နိုင်ငံရေးရည်မှန်းချက်များမှာ အာဏာရှင် စနစ်ကျဆုံးပြီး ပြည်သူလူထုအားလုံးအဖိနှိပ်ခံဘ၀မှလွတ်မြောက်ရေး၊ လူမျိုးကြီးဝါဒချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီနှင့်လူ့ရပိုင်ခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်တည် ဆောက်ရေးတို့ ဖြစ်သည်။

ယင်းနောက် ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ထောင်ရာတွင် ပြည်ထောင်စုအဖွဲ့ဝင် ဗမာဖက်ဒရယ် ယူနစ်(ဝါ) ဗမာပြည်/ဗမာပြည်နယ် သတ်မှတ်ပါဝင်တည်ဆောက်ရေးနှင့် ပြည်သူလူထု၏ လွတ်လပ်မှု၊ လုံခြုံမှုတို့ကို ကာကွယ်စောင့်ရှောက်ရေးတို့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကို ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကာ ၎င်းတို့၏ အကူအညီများဖြင့် ၂၀၂၁ ဧပြီ ၁၇ တွင် စတင်ဖွဲ့စည်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။