Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းစစ်သုံးပစ်စ္စည်းများ သိမ်းဆည်းရမိဟု KNDFထုတ်ပြန်

ဒီးမော့ဆိုတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီတပ်က ​သေဆုံးသူများပြားပြီး ပိုမိုအထိနာခဲ့ကြောင်း KNDF၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ)

အာဏာသိမ်းစစ်ကောင်စီတပ် နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တပ်ရင်း(၁၀) ဒီးမော့ဆိုဇုန်က ယနေ့ သတင်းထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ)

အဆိုပါစစ်သုံးပစ္စည်းများကို မည်သည့်အချိန် မည်သည့် တိုက်ပွဲ၌ သိမ်းဆည်းရမိသည် ဆိုသည်ကို အသေးစိတ် ဖော်ပြမထားသော်လည်း ဒီဇင်ဘာ ၃၁ရက်မှစ၍ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များ အကြား တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိသည်။

ဒီးမော့ဆိုတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီတပ်က ​သေဆုံးသူများပြားပြီး ပိုမိုအထိနာခဲ့ကြောင်း KNDF၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

Facebook