Connect with us

Hi, what are you looking for?

News

နေအိမ်ဖောက်ထွင်းခိုးယူခံရမှုကို ထီးလင်းYDFနှင့်CDM ရဲတပ်ဖွဲ့ ပူးပေါင်းဖော်ထုတ်

ဖောက်ထွင်းခိုးယူခံရသည့် နေအိမ်ပိုင်ရှင်က YDF(ထီးလင်း)သို့ အသိပေးတိုင်ကြား၍ CDM ရဲများဖြင့်ဖွဲ့စည်းထားသော ပြည်သူ့ရဲတပ်ဖွဲ့ (ထီးလင်း)နှင့်အတူ စစ်ဆေးရာ ဇန်နဝါရီ ၁ရက်တွင် တရားခံကို ဖော်ထုတ်အရေးယူနိုင်ခဲ့သည်ဟု YDF(ထီးလင်း)က သတင်းထုတ်ပြန်ထားသည်။

ထီးလင်းမြို့နယ်တွင် ယမန်နေ့က ဖြစ်ခဲ့သည့် နေအိမ်တစ်အိမ်‌ဖောက်ထွင်းခံရမှုကို CDM ရဲများဖြင့်ဖွဲ့စည်းထားသော ပြည်သူ့ရဲတပ်ဖွဲ့ (ထီးလင်း)နှင့် YDF(ထီးလင်း) ပူးပေါင်းအဖွဲ့က ဖော်ထုတ်အရေးယူနိုင်ခဲ့သည်။​

ထီးလင်းမြို့နယ်ဇီးတောကျေးရွာမှ ဒေသခံတစ်ဦး၏အိမ်တစ်အိမ်သည် ဒီဇင်ဘာလ ၃၁ရက် နေ့လယ်ကဖောက်ထွင်းခံရပြီး ငွေကျပ် (သိန်း၂၀) ဖောက်ထွင်းခိုးယူခံခဲ့ရသည်ဟု ​ယော​ဒေသကာကွယ်​ရေးတပ်ဖွဲ့ -YDF(ထီးလင်း)က သတင်းထုတ်ပြန်သည်။

ဖောက်ထွင်းခိုးယူခံရသည့် နေအိမ်ပိုင်ရှင်က YDF(ထီးလင်း)သို့ အသိပေးတိုင်ကြား၍ CDM ရဲများဖြင့်ဖွဲ့စည်းထားသော ပြည်သူ့ရဲတပ်ဖွဲ့ (ထီးလင်း)နှင့်အတူ စစ်ဆေးရာ ဇန်နဝါရီ ၁ရက်တွင် တရားခံကို ဖော်ထုတ်အရေးယူနိုင်ခဲ့သည်ဟု YDF(ထီးလင်း)က သတင်းထုတ်ပြန်ထားသည်။

ငွေကျပ် သိန်း ၂၀ကို မူလပိုင်ရှင်ထံအပ်နှံပေးခဲ့သည်ဟုလည်း ဆက်လက်ထုတ်ပြန်ထားသည်။ ယောဒေသ၌ပါဝင်သော ထီးလင်းမြို့အပါအဝင် ယောဒေသတစ်ခုလုံးသည်စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်နေသလို တစ်ချိန်တည်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုအတိုင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်
ဖော်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။