Connect with us

Hi, what are you looking for?

LuduNwayOo

News

နေအိမ်ဖောက်ထွင်းခိုးယူခံရမှုကို ထီးလင်းYDFနှင့်CDM ရဲတပ်ဖွဲ့ ပူးပေါင်းဖော်ထုတ်

ဖောက်ထွင်းခိုးယူခံရသည့် နေအိမ်ပိုင်ရှင်က YDF(ထီးလင်း)သို့ အသိပေးတိုင်ကြား၍ CDM ရဲများဖြင့်ဖွဲ့စည်းထားသော ပြည်သူ့ရဲတပ်ဖွဲ့ (ထီးလင်း)နှင့်အတူ စစ်ဆေးရာ ဇန်နဝါရီ ၁ရက်တွင် တရားခံကို ဖော်ထုတ်အရေးယူနိုင်ခဲ့သည်ဟု YDF(ထီးလင်း)က သတင်းထုတ်ပြန်ထားသည်။

ထီးလင်းမြို့နယ်တွင် ယမန်နေ့က ဖြစ်ခဲ့သည့် နေအိမ်တစ်အိမ်‌ဖောက်ထွင်းခံရမှုကို CDM ရဲများဖြင့်ဖွဲ့စည်းထားသော ပြည်သူ့ရဲတပ်ဖွဲ့ (ထီးလင်း)နှင့် YDF(ထီးလင်း) ပူးပေါင်းအဖွဲ့က ဖော်ထုတ်အရေးယူနိုင်ခဲ့သည်။​

ထီးလင်းမြို့နယ်ဇီးတောကျေးရွာမှ ဒေသခံတစ်ဦး၏အိမ်တစ်အိမ်သည် ဒီဇင်ဘာလ ၃၁ရက် နေ့လယ်ကဖောက်ထွင်းခံရပြီး ငွေကျပ် (သိန်း၂၀) ဖောက်ထွင်းခိုးယူခံခဲ့ရသည်ဟု ​ယော​ဒေသကာကွယ်​ရေးတပ်ဖွဲ့ -YDF(ထီးလင်း)က သတင်းထုတ်ပြန်သည်။

ဖောက်ထွင်းခိုးယူခံရသည့် နေအိမ်ပိုင်ရှင်က YDF(ထီးလင်း)သို့ အသိပေးတိုင်ကြား၍ CDM ရဲများဖြင့်ဖွဲ့စည်းထားသော ပြည်သူ့ရဲတပ်ဖွဲ့ (ထီးလင်း)နှင့်အတူ စစ်ဆေးရာ ဇန်နဝါရီ ၁ရက်တွင် တရားခံကို ဖော်ထုတ်အရေးယူနိုင်ခဲ့သည်ဟု YDF(ထီးလင်း)က သတင်းထုတ်ပြန်ထားသည်။

ငွေကျပ် သိန်း ၂၀ကို မူလပိုင်ရှင်ထံအပ်နှံပေးခဲ့သည်ဟုလည်း ဆက်လက်ထုတ်ပြန်ထားသည်။ ယောဒေသ၌ပါဝင်သော ထီးလင်းမြို့အပါအဝင် ယောဒေသတစ်ခုလုံးသည်စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်နေသလို တစ်ချိန်တည်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုအတိုင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်
ဖော်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၁၁ရက်တွင် ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းများဖြင့် အဆက် မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၄၀ခန့် ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

နိုင်ငံတကာ

နာမည်လိမ်နဲ့ နေထိုင်နေတဲ့ ဆာတိုရှီ ကီရီရှီမာက မကွယ်လွန်ခင်အချိန် သူ့ဘဝမှန်ကို ဆေးရုံမှာ ရဲတွေဆီ ဇန်နဝါရီလတုန်းက ဖြောင့်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက ကိုယ့်နာမည် အစစ်အမှန်နဲ့ပဲ သေချင်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။