Connect with us

Hi, what are you looking for?

News

မန္တလေးခရိုင်တရားရုံး မှာပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် အဝင်အထွက်လုံခြုံရေးတင်းကြပ်ထား

ဒီဇင်ဘာ၂၇ရက်က ပေါက်ကွဲမှုမှာတော့ တရားရုံးအဆောက်အအုံနေရာအချို့နဲ့ မှန်များကွဲပြီး လူထိခိုက်မှုတော့မရှိခဲ့ပါဘူး။

ဒီဇင်ဘာလ အတွင်းက မန္တလေးခရိုင်တရားရုံးဒုတိယထပ်မှာပေါက်ကွဲမှုဖြစ်ခဲ့ပုံ

မန္တလေးတိုင်း ၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မန္တလေးခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ထဲက ပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် အဝင်အထွက်လုံခြုံရေးတင်းကြပ်စွာစစ်ဆေးနေတယ်လို့သိရပါတယ်။

ဒီဇင်ဘာလ ၂၇ရက်မနက်ပိုင်းက မန္တလေးခရိုင်တရားရုံးအဆောက်အအုံ ဒုတိယထပ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

အဲဒီနောက်မှာတော့ တရားရုံးကိုဝင်ထွက်တဲ့ ရှေ့နေတွေ ၊ အမှုသည်တွေကို ဝင်ထွက်ရာမှာ တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့ တရားရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရပါတယ်။

ခရိုင်တရားရုံးကိုဝင်ထွက်မယ့် ရှေ့နေတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းယူသလို ရှေ့နေလိုင်စင်ထားခဲ့ရတာ ၊ အမှုသည်တွေဆိုရင်လည်း မှတ်ပုံတင်ထားခဲ့ရတာနဲ့ တရားရုံးကိုလာရောက်ရတဲ့အကြောင်း ရင်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုပြောပြနေရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် အချိန်ကြာမြင့်စွာ အသေးစိတ်စစ်ဆေးမေးမြန်းခံရတာတွေလည်းရှိနေတယ်လို့ တရားရုံးကိုသွားခဲ့ရသူတစ်ဦးက ပြောပါတယ်။

မန္တလေးခရိုင်တရားရုံးကို စစ်တပ်နဲ့ရဲက လုံခြုံရေးယူပြီးစောင့်ကြည့်စစ်ဆေးတာတွေပြုလုပ်နေပါတယ်။

ဒီဇင်ဘာ၂၇ရက်က ပေါက်ကွဲမှုမှာတော့ တရားရုံးအဆောက်အအုံနေရာအချို့နဲ့ မှန်များကွဲပြီး လူထိခိုက်မှုတော့မရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။