Connect with us

Hi, what are you looking for?

News

မန္တလေးခရိုင်တရားရုံး မှာပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် အဝင်အထွက်လုံခြုံရေးတင်းကြပ်ထား

ဒီဇင်ဘာ၂၇ရက်က ပေါက်ကွဲမှုမှာတော့ တရားရုံးအဆောက်အအုံနေရာအချို့နဲ့ မှန်များကွဲပြီး လူထိခိုက်မှုတော့မရှိခဲ့ပါဘူး။

ဒီဇင်ဘာလ အတွင်းက မန္တလေးခရိုင်တရားရုံးဒုတိယထပ်မှာပေါက်ကွဲမှုဖြစ်ခဲ့ပုံ

မန္တလေးတိုင်း ၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မန္တလေးခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ထဲက ပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် အဝင်အထွက်လုံခြုံရေးတင်းကြပ်စွာစစ်ဆေးနေတယ်လို့သိရပါတယ်။

ဒီဇင်ဘာလ ၂၇ရက်မနက်ပိုင်းက မန္တလေးခရိုင်တရားရုံးအဆောက်အအုံ ဒုတိယထပ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

အဲဒီနောက်မှာတော့ တရားရုံးကိုဝင်ထွက်တဲ့ ရှေ့နေတွေ ၊ အမှုသည်တွေကို ဝင်ထွက်ရာမှာ တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့ တရားရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရပါတယ်။

ခရိုင်တရားရုံးကိုဝင်ထွက်မယ့် ရှေ့နေတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းယူသလို ရှေ့နေလိုင်စင်ထားခဲ့ရတာ ၊ အမှုသည်တွေဆိုရင်လည်း မှတ်ပုံတင်ထားခဲ့ရတာနဲ့ တရားရုံးကိုလာရောက်ရတဲ့အကြောင်း ရင်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုပြောပြနေရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် အချိန်ကြာမြင့်စွာ အသေးစိတ်စစ်ဆေးမေးမြန်းခံရတာတွေလည်းရှိနေတယ်လို့ တရားရုံးကိုသွားခဲ့ရသူတစ်ဦးက ပြောပါတယ်။

မန္တလေးခရိုင်တရားရုံးကို စစ်တပ်နဲ့ရဲက လုံခြုံရေးယူပြီးစောင့်ကြည့်စစ်ဆေးတာတွေပြုလုပ်နေပါတယ်။

ဒီဇင်ဘာ၂၇ရက်က ပေါက်ကွဲမှုမှာတော့ တရားရုံးအဆောက်အအုံနေရာအချို့နဲ့ မှန်များကွဲပြီး လူထိခိုက်မှုတော့မရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့မှာမနေ့ (အောက်တိုဘာလ ၂၄ ရက်) ညပိုင်းက မီးပုံးပျံအတွက် ယမ်းစပ်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ကျွမ်းတာကြောင့် ကလေးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံ အချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လူငယ် ၁ဦးကို လူ ၁၀ ဦးလောက်ပါတဲ့အဖွဲ့က ဓါးတွေနဲ့ဝိုင်းခုတ်ပြီး ဆိုင်ကယ်လုယက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။