Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ နေအိမ်များမီးရှို့ဖျက်ဆီးခံရ

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တပ်ရင်း (၂)က လွိုင်ကော်မြို့နေ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အိမ်အပြင် မထွက်ရန် ယနေ့ညနေပိုင်း၌ အသိပေးချက်ထုတ်ပြန်သည်။

▪️မလိုအပ်ဘဲ အိမ်အပြင်မထွက်ရန် ပြည်သူများအား သတိပေး

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်ကြား၌ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ တိုက်ပွဲတွင် အထိနာသည့် အကြမ်းဖက်စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန် သည်။

ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DMO-PDF) ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ဒီးမော့ဆိုနှင့် လွိုင်ကော်ကြားရှိ ၆မိုင် နေရာဝန်းကျင်၌ တိုက်ပွဲ ဖြစ်ပွားနေပြီး အသေးစိတ်အခြေအနေကို သတင်းမရသေးကြောင်း ပြောသည်။

“ ၆မိုင်၊ ၅မိုင်တို့ တိုက်ပွဲတွေခဏခဏ ဖြစ်တဲ့နေရာ ဒီးမော့ဆို ဒေါငံခါးတို့၊ ငွေတောင်တို့ အဲဒီဘက်တွေမှာ လူထုတွေသိအောင် အလျဉ်းသင့်သလို စာထုတ်ထားတာရှိတယ်။ စစ်ရေးအမြဲတမ်းလှုပ်ရှားတော့ တိုက်ပွဲဖြစ်ရင် ကြားညှပ်မှာ စိုးရိမ်ရတယ်။ စစ်ရေးလှုပ်ရှားမှု မဖြစ်ရင်လည်း စစ်တပ်က လမ်းမှာတွေ့ရင် ဖမ်းဆီးသတ်ဖြတ်တာတို့ မီးရှို့တာတို့ ရှိတယ်လေ။ အဲဒါမျိုးတွေကို လူထုတွေကို ကျွန်တော်တို့ အမြဲတမ်းသတိပေးတယ်။ မလို အပ်ဘဲ မသွားလာဖို့ပေါ့”ဟု ဒီးမော့ဆို PDF ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်ပိုင်းတွင်လည်း လွိုင်ကော်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တပ်ရင်း (၂)က လွိုင်ကော်မြို့နေ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အိမ်အပြင် မထွက်ရန် ယနေ့ညနေပိုင်း၌ အသိပေးချက်ထုတ်ပြန်သည်။

လက်ရှိတွင် လွိုင်ကော်မြို့အနှံ့ စစ်ကောင်စီတပ်များ ကင်းပုန်းချထားသည့်နေရာများအား ၎င်းတို့ Page သို့ ဆက်သွယ်ပြီး သတင်းပေးရန်လည်း အကူအညီတောင်း ခံထားသည်။ ယနေ့နံနက်က လွိုင်ကော် ကယန်းသာယာတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။