Connect with us

Hi, what are you looking for?

News

မြိုင်မြို့နယ်မှပြည်သူများတော်လှန်​ရေးအတွက် နားကပ်၊ လက်စွပ်စ​သော လက်ဝတ်ရတနာများ လှူဒါန်း

“ယောက်ကျားမှာ ဖိနပ်၊ မိန်းမမှာ နားကပ်တဲ့ ဆိုရိုးရှိတယ်လေ။ ဒီလို အညာသူတွေ တန်ဖိုးထားတဲ့ ပစ္စည်းကိုတောင် တော်လှန်ရေးရန်ပုံငွေ အနေနဲ့ ပုံအောနေကြတာ။ မျက်ရည်ကျမိပါတယ်”ဟု အထက်ပါဒေသခံတစ်ဦးကပြောသည်။

(​မြိုင်မြို့နယ်မှ ပြည်သူများ လက်ဝတ်ရတနာများ ချွတ်၍ လှူဒါန်း​နေစဥ်)

မ​ကွေးတိုင်းရှိပြည်သူများက နားကပ်အပါအဝင် လက်ဝတ်ရတနာများကို ချွတ်ရောင်းပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို တော်လှန်ရေးရန်ပုံငွေအဖြစ် လှူဒါန်းကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများထံ သိရသည်။

မကွေးတိုင်းမြိုင်မြို့နယ်တွင် ဒေသခံအမျိုးသမီးများက ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို ၎င်းတို့ အမြတ်တနိုးဝတ်ဆင်ထားသည့် နားကပ်များကို ဇန်နဝါရီ ၅ ရက်က လှူဒန်းခဲ့ခြင်းဖြစ်သည်။

“တောရွာတွေမှာ မိန်းကလေးဆိုတာနဲ့ နားကပ်ကမရှိမဖြစ် အဆင်တန်ဆာ။ အဲ့တန်ဆာကို တော်လှန်ရေးအတွက် အသုံးပြုဖို့ပေးတဲ့သူရဲ့စိတ် ၊ သူလုပ်ပေးနိုင်တဲ့ သူ့ပိုင်ဆိုင်တာကို ပြည်သူ့ကာကွယ်ရေးကိုပေးလှူတဲ့ မိန်းကလေးတွေရဲ့ တော်လှန်စိတ်ကို လေးစား အသိမှတ်ပြုပါတယ်”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့လှူဒါန်းမူများသည် အညာဒေသတွင် လူထုက အာဏာရှင်ကို အမြစ်ပြုတ်ချေမှုန်းလိုသည့် စိတ်ဆန္ဒပြင်းပြနေမူကို ဖော်ပြနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

Public Service Announcement

Public Service Announcement

“ယောက်ကျားမှာ ဖိနပ်၊ မိန်းမမှာ နားကပ်တဲ့ ဆိုရိုးရှိတယ်လေ။ ဒီလို အညာသူတွေ တန်ဖိုးထားတဲ့ ပစ္စည်းကိုတောင် တော်လှန်ရေးရန်ပုံငွေ အနေနဲ့ ပုံအောနေကြတာ။ မျက်ရည်ကျမိပါတယ်”ဟု အထက်ပါဒေသခံတစ်ဦးကပြောသည်။

ထိုပြင် မ​ကွေးတိုင်းတွင် ၂၀၂၁ အောက်တိုဘာ ၂၀ တွင်လည်း အမျိုးသမီးနှစ်ဦးက ၎င်းတို့၏ နားကပ်များကို တော်လှန်ရေးအောင်နိုင်ရေး ရံပုံငွေအဖြစ်လှူဒါန်းခဲ့​သေးသည်။ ထိုသို့လှူဒါန်းစဉ် ထိုနားကပ်နှစ်ရံကို နွေဦးတော်လှန်ရေး အထိမ်းအမှတ်အဖြစ် ပြန်လည်ဝယ်ယူရန် ကမ်းလှမ်းမူများရှိခဲ့သည်။

“ပြည်သူ့ဆန္ဒ ဘယ်လောက်ပြင်းပြသလဲဆိုတာကို‌တွေ့ရတယ် တော်လှန်ရေးအင်အားစုတွေအတွက်ပိုအားရှိတယ်”ဟု ဒေသခံကာကွယ်ရေးတပ်သားတစ်ဦးကပြောသည်။

ထိုလှူဒါန်းမှုများသည် လူမှုကွန်ရက်များတွင် ထွက်ပေါ်လာခြင်းကြောင့် လူအများသိရှိရခြင်းဖြစ်ပြီး အမှန်တကယ်လှူဒါန်းမူများက ထိုအထက်ပိုများသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။