Connect with us

Hi, what are you looking for?

News

ဝေဖန်ကန့်ကွက်မှု​တွေကြားက ဟွန်ဆန်မြန်မာနိုင်ငံလာ

မြန်မာပြည်သူ​တွေက ပြင်းပြင်းထန်ထန်ကန့်ကွက်​​နေတဲ့ကြားက​​နေပဲ က​မ္ဘောဒီးယား ဝန်ကြီးချုပ်အာဏာရှင် ဟွန်ဆန်ကမြန်မာနိုင်ငံကို နှစ်ရက်တာခရီးစဥ် ထွက်လာပြီလို့ သူ့ရဲ့​ဖေစ်ဘွခ်စာမျက်နှာက​နေ ထုတ်ပြန်လိုက်ပါတယ်။

(က​​မ္ဘောဒီးယာ မှထွက်ခါလာစဥ်)

ဒီနေ့(ဇန်နဝါရီ ၇)နံနက် မြန်မာစံ​တော်ချိန် ၇ နာရီ ၄၀ မီနစ်​ကျော်မှာ ဟွန်ဆန်ရဲ့ ​ဖေစ်ဘွခ်က သတင်းထုတ်ပြန်တာမှာ မြန်မာအာဏာသိမ်းစစ်​ခေါင်း​ဆောင် မင်း​အောင်လှိုင်ရဲ့ ဖတ်ကြားမှုနဲ့ ဟွန်ဆန်ရဲ့ ၂ ရက်တာ(ဇန်နဝါရီ ၇၊၈ )ခရီးစဥ် စတင်ထွက်ခွာလာတဲ့အ​ကြောင်း သတင်းဓါတ်ပုံ​တွေနဲ့တကွ​ဖော်ပြထားတာကို​တွေ့ရပါတယ်။

(က​​မ္ဘောဒီးယာ မှထွက်ခါလာစဥ်)

ဟွန်ဆန်ရဲ့ မြန်မာပြည်ခရီးစဥ်ဟာ အကြမ်းဖက်စစ်​ကောင်စီကို အသိ့အမှတ်ပြုဖို့ကြိုးစားတဲ့သ​ဘောဖြစ်​နေတာ​ကြောင့် မြန်မာပြည်သူ​တွေ ၊အရပ်ဖက်အဖွဲ့အစည်း​တွေ၊​တော်လှန်​ရေးအဖွဲ့အစည်း​တွေကပြင်းပြင်းထန်ထန်ကန့်ကွက်​နေကြတာပါ။ ဒါအပြင်က​မ္ဘောဒီးယား အတိုက်အခံနိုင်ငံ​ရေးသမား​တွေ၊အရပ်ဘက်အဖွဲ့အစည်း​တွေ၊ ပြည်သူတချို့နဲ့ နိုင်ငံတကာ ကပါ ​ဝေဖန်ပစ်တင်ခဲ့ကြပါတယ်။

(က​​မ္ဘောဒီးယာ မှထွက်ခါလာစဥ်)

ကန့်ကွက်​နေတဲ့ကြားက မြန်မာပြည်ခရီးစဥ် မဖျက်သိမ်းတာ​ကြောင့် ဇန်နဝါရီ ၆ ရက်​နေ့ကစပြီးဟွန်ဆန်ရဲ့​ဖေစ်ဘွခ်မှာ မြန်မာပြည်သူ​တွေက ဟွန်ဆန်ကိုမလိုအပ်​ကြောင်း၊ မြန်မာပြည်သူ​တွေရဲ့ဆန္ဒကို အ​လေးအနက်ထားဖို့ ၊အာဏာသိမ်းစစ်​ခေါင်း​ဆောင်ကို အသိ့အမှတ်ပြုတဲ့သ​ဘောမြန်မာနိုင်ငံကိုမလာဖို့ စတဲ့မှတ်ချက်​တွေ ပြင်းထန်တဲ့ကန့်ကွက်မှု​တွေနဲ့ မှတ်ချက်​တွေ​ရေးသားကန့်ကွက်ခဲ့ကြပါတယ်။ ဟွန်ဆန် တို့ လင်မယားရဲ့ ၂၅ နှစ်ပြည့်မဂ်လာနှစ်ပတ်လည်ပိုစ်​အောက်မှာ မြန်မာပြည်သူ​တွေက ပြင်းပြင်းထန်ထန်ကန့်ကွက် တဲ့မှတ်ချက်​တွေ​​​သောင်းချီပြီးရေးသားခဲ့ကြသလို ၊ဟဟ အီမိုဂျို ကိုနှိပ်ပြီး ​လှောင်​ပြောင်သူ ငါး​သောင်း​​ကျော်ရှိခဲ့ပါတယ်။

(က​​မ္ဘောဒီးယာ မှထွက်ခါလာစဥ်)

ဒါ​ကြောင့်​မ​နေ့ညမှာ ဟွန်ဆန်ရဲ့ပိုစ်အချို့ ​အောက်မှာ မှတ်ချက်​ပေးမရ​အောင်ပိတ်ခဲ့ပြီး ဒီမနက်မှာ​တော့မှတ်ချက်ပြန်​ပေးရ​အောင်ဖွင့်​ပေးတာ​တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့အတိုင်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။