Connect with us

Hi, what are you looking for?

News

စစ်တပ်ပိုင်မြဝတီဘဏ်နားအပါအဝင် မန္တလေးမှာ တစ်နေ့တည်း ငါးကြိမ်ထက်မနည်း ပေါက်ကွဲမှုဖြစ်ပွား

ဈေးချိုအနီးက စစ်တပ်ပိုင် မြဝတီဘဏ်ကိုတော့ မနက် ၁၀ နာရီလောက်မှာ ဆိုင်ကယ်နဲ့အမျိုးသား ၂ ဦးက ဗုံးလာပစ်သွားတာလို့သိရပါတယ်။

People's Spring
People's Spring

ဒီနေ့နေလယ်ပိုင်းအထိ မန္တလေးမြို့မှာ ငါးကြိမ်ထက်မနည်းပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

ပေါက်ကွဲမှုတွေဟာ မြို့နယ် ၅ မြို့နယ်မှာဖြစ်ခဲ့တာဖြစ်ပြီး အရပ်သားပြည်သူထိခိုက်မှု ကြီးကြီးမားမားမရှိဘူးလို့လည်းသိရပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာတွေကတော့ ချမ်းမြသာစည်မြို့နယ်က MIIT ကျောင်း ၊ ပုသိမ်ကြီးမြို့နယ်က လဝက ဦးစီးမှူးရုံး ၊ ချမ်းအေးသာစံမြို့နယ် ဈေးချိုအနီးက မြဝတီဘဏ် ၊ မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနဲ့ ပြည်ကြီးတံခွန်မြို့နယ် ဗိုလ်ချုပ်ပန်းခြံအနီးတို့ပဲဖြစ်ပါတယ်။

ဈေးချိုအနီးက စစ်တပ်ပိုင် မြဝတီဘဏ်ကိုတော့ မနက် ၁၀ နာရီလောက်မှာ ဆိုင်ကယ်နဲ့အမျိုးသား ၂ ဦးက ဗုံးလာပစ်သွားတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်ထိတော့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာတွေအနီးမှာစစ်ကောင်စီတပ်တွေလုံခြုံရေးယူထားပြီး မြို့တွင်းမှာ စစ်ဆေးတာကို တင်းကြပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။