Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာမြို့တွင်ပြည်သူများ ​ယ​နေ့မွန်းလွဲ ၁နာရီမှ ည​နေ ၆ နာရီအထိအပြင်မထွက်ရန် ​မေတ္တာရပ်ခံ

ယမန်နေ့ညနေပိုင်းကလည်း ဗိုလ်ချုပ်ကြေးရုပ်တုအနီးတွင် ပစ်ခတ်သံများကြားလိုက်ရကာ လူတစ်ဦးလည်း ပစ်ခတ်ဖမ်းဆီးခြင်းခံလိုက်ရကြောင်း ဒေသခံများက​ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် နေ့လယ်၁နာရီမှ ညနေ၆နာရီအထိ ကျန်းမာရေးကိစ္စမှလွဲ၍အပြင်မထွက်ကြရန် မြို့ပြပျောက်ကြားအဖွဲ့များက အသိပေးထားသည်။

မုံရွာမြို့နေ မိဘပြည်သူများအနေဖြင့် နေ့လယ် ၁ နာရီမှ ညနေ ၆ နာရီအတွင်း ကျန်းမာရေးကိစ္စမှအပ ပြင်ပသို့သွားလာခြင်းမပြုကြပါရန် အထူးမေတ္တာရပ်ခံကြောင်း ယနေ့(ဇန်နဝါရီ ၈ ရက်)တွင် Monywa The Boys၊ Monywa NightKing၊ Red Code Revolution နှင့်Monywa Ninjaအဖွဲ့တို့မှ ပူးပေါင်း ထုတ်ပြန်သည်။

စစ်ဆေးရေးဂိတ်အနီး တပ်ဆွဲထားသောနေရာများအနီးရှောင်သွားကြပါရန် Monywa NightKingက ထပ်မံသတိပေးသည်။

မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြို့တွင်းနေရာအနှံ့တွင်လိုက်လံဖမ်းဆီးနှိပ်စက်မှုများပြုလုပ်နေပြီး ယနေ့နံနက်ပိုင်းကလည်း သာစည်လမ်း ပေ ၈၀ထိပ်တွင်လူငယ် ၁ဦးကို လက်ပြန်ကြိုးတုပ်ဖမ်းထားကြောင်း၊ ဖုန်းစစ်ရင်းအဖမ်းခံရသည်ဟု သိရကြောင်းဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညနေပိုင်းကလည်း ဗိုလ်ချုပ်ကြေးရုပ်တုအနီးတွင် ပစ်ခတ်သံများကြားလိုက်ရကာ လူတစ်ဦးလည်း ပစ်ခတ်ဖမ်းဆီးခြင်းခံလိုက်ရကြောင်း ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။