Connect with us

Hi, what are you looking for?

News

မုံရွာမြို့တွင်ပြည်သူများ ​ယ​နေ့မွန်းလွဲ ၁နာရီမှ ည​နေ ၆ နာရီအထိအပြင်မထွက်ရန် ​မေတ္တာရပ်ခံ

ယမန်နေ့ညနေပိုင်းကလည်း ဗိုလ်ချုပ်ကြေးရုပ်တုအနီးတွင် ပစ်ခတ်သံများကြားလိုက်ရကာ လူတစ်ဦးလည်း ပစ်ခတ်ဖမ်းဆီးခြင်းခံလိုက်ရကြောင်း ဒေသခံများက​ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် နေ့လယ်၁နာရီမှ ညနေ၆နာရီအထိ ကျန်းမာရေးကိစ္စမှလွဲ၍အပြင်မထွက်ကြရန် မြို့ပြပျောက်ကြားအဖွဲ့များက အသိပေးထားသည်။

မုံရွာမြို့နေ မိဘပြည်သူများအနေဖြင့် နေ့လယ် ၁ နာရီမှ ညနေ ၆ နာရီအတွင်း ကျန်းမာရေးကိစ္စမှအပ ပြင်ပသို့သွားလာခြင်းမပြုကြပါရန် အထူးမေတ္တာရပ်ခံကြောင်း ယနေ့(ဇန်နဝါရီ ၈ ရက်)တွင် Monywa The Boys၊ Monywa NightKing၊ Red Code Revolution နှင့်Monywa Ninjaအဖွဲ့တို့မှ ပူးပေါင်း ထုတ်ပြန်သည်။

စစ်ဆေးရေးဂိတ်အနီး တပ်ဆွဲထားသောနေရာများအနီးရှောင်သွားကြပါရန် Monywa NightKingက ထပ်မံသတိပေးသည်။

မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြို့တွင်းနေရာအနှံ့တွင်လိုက်လံဖမ်းဆီးနှိပ်စက်မှုများပြုလုပ်နေပြီး ယနေ့နံနက်ပိုင်းကလည်း သာစည်လမ်း ပေ ၈၀ထိပ်တွင်လူငယ် ၁ဦးကို လက်ပြန်ကြိုးတုပ်ဖမ်းထားကြောင်း၊ ဖုန်းစစ်ရင်းအဖမ်းခံရသည်ဟု သိရကြောင်းဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညနေပိုင်းကလည်း ဗိုလ်ချုပ်ကြေးရုပ်တုအနီးတွင် ပစ်ခတ်သံများကြားလိုက်ရကာ လူတစ်ဦးလည်း ပစ်ခတ်ဖမ်းဆီးခြင်းခံလိုက်ရကြောင်း ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။