Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီလက်နက်ကြီးနဲ့ပစ်လို့ ​ကော့ကရိတ်မှာပြည်သူ ၇ ဦးဒဏ်ရာရ

ပစ်ခတ်မှုကြောင့် လူနေအိမ် ၄ လုံးနဲ့ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရပြီး အဲဒီလိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ကော့နွဲ့ကျေးရွာအုပ်စုအတွင်းက ဒေသခံတွေအတွက် လုံခြုံမှုမရှိတော့ပဲ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကော့ကရိတ်မှာ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး အဲ့ဒီထဲမှာ သုံးဦးက ဒဏ်ရာပြင်းထန်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ ဇန်နဝါရီ ၈ ရက် မနက် ၇ နာရီအချိန်ခန့်က ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၉၇)တပ်ရင်းထဲကနေ လက်နက်ကြီးနဲ့ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအုပ်စု မြို့ဟောင်းကျေးရွာထဲကို ပစ်ခတ်ခဲ့တာပါ။

ဒီလို စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် မြို့ဟောင်းကျေးရွာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ဒဏ်ရာရရှိသူတွေထဲက အမျိုးသမီးသုံးဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ကလေးငယ်တစ်ဦးပါဝင်ပြီး ဒဏ်ရာရရှိသွားတဲ့ ဒေသခံတွေကိုတော့ နီးစပ်ရာဆေးပေးခန်းကို ပို့ဆောင်ပေးခဲ့တယ်လို့ KHRG က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုကြောင့် လူနေအိမ် ၄ လုံးနဲ့ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရပြီး အဲဒီလိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ကော့နွဲ့ကျေးရွာအုပ်စုအတွင်းက ဒေသခံတွေအတွက် လုံခြုံမှုမရှိတော့ပဲ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်ကလည်း စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် ကောနွဲ့ကျေးရွာမှာ ဒေသခံပြည်သူတစ်ဦးရဲ့နေအိမ် ပျက်စီးသွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတင်ကာ ကေအဲန်ယူ-ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအုပ်စုထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား စစ်ရေးပဋိပက္ခတွေပြင်းထန်နေပြီး ကော့နွဲ့ကျေးရွာအပါအဝင် ရွာ ၆ ရွာက ဒေသခံပြည်သူ ၂၀၀၀ ခန့်ဟာ လက်ရှိမှာ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။