Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၃ မှုအတွက် မနက်ဖြန်မှာ အမိန့်ချမယ်

အမိန့်ချမယ့် အမှုတွေကတော့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂၅ ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နဲ့စွပ်စွဲထားတဲ့အမှုတွေဖြစ်ပါတယ်။

အမှု ၁၂ မှုနဲ့စွဲထားတဲ့အပြင် အဂတိ အမှု ၅ မှု နဲ့ စစ်ကောင်စီထပ်တိုးတရားစွဲထား

အမိန့်မချဖြစ်ဘဲ ရွှေ့ဆိုင်ထားတဲ့အမှုတွေနဲ့ မနက်ဖြန် ဇန်နဝါရီလ ၁၀ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချ ဖို့ ရှိနေပါတယ်။

အမိန့်ချမယ့် အမှုတွေကတော့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂၅ ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နဲ့စွပ်စွဲထားတဲ့အမှုတွေဖြစ်ပါတယ်။

ရွေးကောက်ပွဲမဲဆွယ်ကာလ က နေပြည်တော်က NLD ပါတီဝင်တွေအိမ်ကိုသွားရောက်တာနဲ့ပတ်သက်ပြီး ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ ထောင်ဒဏ် ၃ နှစ်ထိချလို့ရတဲ့သဘာဝဘေးပုဒ်မ ၂၅ နဲ့စွဲထားတာပါ။

Public Service Announcement

Public Service Announcement

ဒါအပြင် အာဏာသိမ်းတဲ့နေ့က နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်မှာ ဆက်သွယ်ရေးစကားပြောစက်တွေတွေ့တယ်ဆိုပြီး ထောင်ဒဏ် ၁ နှစ်ချလို့ရတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၇ ၊ ထောင်ဒဏ် ၃ နှစ်ချလိုရတဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ တို့ နဲ့ တရားစွဲထားပါသေးတယ်။

ဒီပုဒ်မ ၃ ခု ရဲ့ ပြစ်ဒဏ်ပြဌာန်းချက်အရတော့ စုစုပေါင်း ထောင်ဒဏ် ၇ နှစ်အထိချလို့ရတာတွေ့ရပါတယ်။

ကနဦးကတော့ ဒီပုဒ်မတွေနဲ့ အမိန့်ချဖို့ ရက် သတ်မှတ်ထားခဲ့ပေမယ့် ၂ ကြိမ်တိုင်ရွှေ့ဆိုင်းလိုက်ပြီး ဇန်နဝါရီလ ၁၀ ရက်မှာအမိန့်ချဖို့ သတ်မှတ်ထားတာပါ။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၂ မှုနဲ့တရားစွဲထားတာဖြစ်ပြီး အမှု ၂ မှုအတွက် ထောင်ဒဏ် ၄ နှစ်ချထားတာရှိပါတယ်။

ဒါပေမယ့် အဂတိပုဒ်မ နဲ့ အမှု ၅ မှု ထပ်တိုးဖွင့်ထားတယ်လို့သိထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။