Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၃ မှုအတွက် မနက်ဖြန်မှာ အမိန့်ချမယ်

အမိန့်ချမယ့် အမှုတွေကတော့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂၅ ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နဲ့စွပ်စွဲထားတဲ့အမှုတွေဖြစ်ပါတယ်။

အမှု ၁၂ မှုနဲ့စွဲထားတဲ့အပြင် အဂတိ အမှု ၅ မှု နဲ့ စစ်ကောင်စီထပ်တိုးတရားစွဲထား

အမိန့်မချဖြစ်ဘဲ ရွှေ့ဆိုင်ထားတဲ့အမှုတွေနဲ့ မနက်ဖြန် ဇန်နဝါရီလ ၁၀ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချ ဖို့ ရှိနေပါတယ်။

အမိန့်ချမယ့် အမှုတွေကတော့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂၅ ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နဲ့စွပ်စွဲထားတဲ့အမှုတွေဖြစ်ပါတယ်။

ရွေးကောက်ပွဲမဲဆွယ်ကာလ က နေပြည်တော်က NLD ပါတီဝင်တွေအိမ်ကိုသွားရောက်တာနဲ့ပတ်သက်ပြီး ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ ထောင်ဒဏ် ၃ နှစ်ထိချလို့ရတဲ့သဘာဝဘေးပုဒ်မ ၂၅ နဲ့စွဲထားတာပါ။

Public Service Announcement

Public Service Announcement

ဒါအပြင် အာဏာသိမ်းတဲ့နေ့က နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်မှာ ဆက်သွယ်ရေးစကားပြောစက်တွေတွေ့တယ်ဆိုပြီး ထောင်ဒဏ် ၁ နှစ်ချလို့ရတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၇ ၊ ထောင်ဒဏ် ၃ နှစ်ချလိုရတဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ တို့ နဲ့ တရားစွဲထားပါသေးတယ်။

ဒီပုဒ်မ ၃ ခု ရဲ့ ပြစ်ဒဏ်ပြဌာန်းချက်အရတော့ စုစုပေါင်း ထောင်ဒဏ် ၇ နှစ်အထိချလို့ရတာတွေ့ရပါတယ်။

ကနဦးကတော့ ဒီပုဒ်မတွေနဲ့ အမိန့်ချဖို့ ရက် သတ်မှတ်ထားခဲ့ပေမယ့် ၂ ကြိမ်တိုင်ရွှေ့ဆိုင်းလိုက်ပြီး ဇန်နဝါရီလ ၁၀ ရက်မှာအမိန့်ချဖို့ သတ်မှတ်ထားတာပါ။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၂ မှုနဲ့တရားစွဲထားတာဖြစ်ပြီး အမှု ၂ မှုအတွက် ထောင်ဒဏ် ၄ နှစ်ချထားတာရှိပါတယ်။

ဒါပေမယ့် အဂတိပုဒ်မ နဲ့ အမှု ၅ မှု ထပ်တိုးဖွင့်ထားတယ်လို့သိထားရပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။