Connect with us

Hi, what are you looking for?

News

လွိုင်ကော်တစ်မြို့လုံးကို မီးနှင့်ရေဖြတ်ထားဟု ဒေသခံပြော၊ ကားအခက်အခဲကြောင့် မြို့ပေါ် ပိတ်မိနေသူများ ကျန်ရှိနေဟုဆို

“မနေ့ကစပြီး မီးရော၊ ရေရော ပျက်တယ်။ မီးရော၊ ရေရော အကုန်လုံး ပျက်သွားပြီ။ ရက်ကတော့ အကန့် အသက်မရှိဘူး။ ဘယ်နေ့ဘာဖြစ်မယ်ဆိုတာမသိဘူး။ လမ်းကြောင်းက ၁၅၊ ၁၆ရက်ကျရင် စပိတ်ပြီလို့ ကြားပါတယ်”ဟု လွိုင်ကော်မြို့ခံက ပြောသည်။

(ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရောက်ရှိလာသည့် လွိုင်ကော်မြို့မှ တိုက်ပွဲရှောင်ပြည်သူများအား ဇန်နဝါရီ၉ရက်ညက တွေ့ရစဥ် ၊ ဓာတ်ပုံ - Shan State Red Cross)

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ကို ဇန်ဝါရီ ၉ရက်ကစပြီး အကြမ်းဖက် စစ်ကောင်စီက မီးနှင့်ရေ ဖြတ်တောက်ထားကြောင်း လွိုင်ကော်မြို့ နမ့်ဘော်ဝမ်ရပ်ကွက်ရှိ ဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီ ပထမပိတ်မှစ၍ တိုက်ပွဲများ ပြင်းထန်ခဲ့၍ မြို့ပေါ်နေလူထုများ ယခုရက်ပိုင်းအတွင်း မြို့ကိုစွန့်ခွာပြီး အခြားမြို့များသို့ စစ်ဘေးတိမ်းရှောင်မှုများ များပြားလျက်ရှိသည်။

Public Service Announcement

“လွိုင်ကော်မြို့တွင်း ရွှေ့ပြောင်းသွားလာတဲ့ပိတ်မိနေတဲ့သူ တော်တော်များများ ကျန်သေးတယ်။ ရွှေ့ချင်တာ ကားမရှိတာ အခက်အခဲဖြစ်နေတာကြောင့် လွိုင်ကော်မြို့တွင်းမှာ ရှိတဲ့ ပြည်သူတွေ စောင့်နေရတာ။ တချို့ကျတော့လည်း လုံး၀ မတက်နိုင်(ငွေကြေးမတက်နိုင်)တဲ့အခါကျတော့ ဒီမှာပဲနေ ဒီမှာပဲ သေရင်သေဆိုတဲ့ သူလည်းရှိနေတာ။ အဓိကတော့ ကားအခက်အခဲဖြစ်နေကြတာပေါ့” ဟု လွိုင်ကော်မြို့ခံက ပြောသည်။

(ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရောက်ရှိလာသည့် လွိုင်ကော်မြို့မှ တိုက်ပွဲရှောင်ပြည်သူများအား ဇန်နဝါရီ၉ရက်ညက တွေ့ရစဥ် ၊ ဓာတ်ပုံ – Shan State Red Cross)

အချို့အိမ်များက အိမ်အစောင့်အဖြစ် အမျိုးသားတစ်ဦးကို ချန်ထားခဲ့ကြောင်း၊အများစုမှာ အိုးအိမ်ပစ္စည်းများ ခိုးယူခံရခြင်း၊ မီးလောင်ပျက်စီးခြင်း ဖြစ်မည်ကို စိုးရိမ်သော်လည်း အသက်အန္တရာယ်ကြောင့် နေအိမ်ကို စွန့်ခွာသွားကြပြီဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မနေ့ကစပြီး မီးရော၊ ရေရော ပျက်တယ်။ မီးရော၊ ရေရော အကုန်လုံး ပျက်သွားပြီ။ ရက်ကတော့ အကန့် အသက်မရှိဘူး။ ဘယ်နေ့ဘာဖြစ်မယ်ဆိုတာမသိဘူး။ လမ်းကြောင်းက ၁၅၊ ၁၆ရက်ကျရင် စပိတ်ပြီလို့ ကြားပါတယ်”ဟု လွိုင်ကော်မြို့ခံက ပြောသည်။

ဇန်ဝါရီလလယ်နောက်ပိုင်း၌ စစ်ရေးပိုမိုပြင်းထန်မည်ဟူသော ပြောဆိုချက်များ လွိုင်ကော်လူထုအကြား ပြန့်နှံ့နေကြောင်း ၎င်းက ဆိုသည်။

(ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရောက်ရှိလာသည့် လွိုင်ကော်မြို့မှ တိုက်ပွဲရှောင်ပြည်သူများအား ဇန်နဝါရီ၉ရက်ညက တွေ့ရစဥ် ၊ ဓာတ်ပုံ – Shan State Red Cross)

လွိုင်ကော်မြို့ပေါ်တွင် ဇန်နဝါရီ ၇ရက်နှင့် ၈ရက်က တိုက်ပွဲများ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့သည်။ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် မြို့ခံလူထု ၆ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။

လွိုင်ကော်နှင့် ဆက်စပ်နေသည့် ဒီးမော့်ဆိုမြို့နယ်တွင်လည်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိနေရာ စစ်ကောင်စီတပ်က ပိုမိုအထိနာလျက်ရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း လွိုင်ကော်၊ ဒီးမော့ဆို အပါအဝင် ကရင်နီဒေသ၌ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊ ကရင်နီတပ်မတော် အပါအဝင် ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်မှာ မောင်နှမသုံးဦး ချောင်းအတွင်း ရေချိုးရင်း ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတွေက ပြောပါတယ်။