Connect with us

Hi, what are you looking for?

LuduNwayOo

News

လွိုင်ကော်တစ်မြို့လုံးကို မီးနှင့်ရေဖြတ်ထားဟု ဒေသခံပြော၊ ကားအခက်အခဲကြောင့် မြို့ပေါ် ပိတ်မိနေသူများ ကျန်ရှိနေဟုဆို

“မနေ့ကစပြီး မီးရော၊ ရေရော ပျက်တယ်။ မီးရော၊ ရေရော အကုန်လုံး ပျက်သွားပြီ။ ရက်ကတော့ အကန့် အသက်မရှိဘူး။ ဘယ်နေ့ဘာဖြစ်မယ်ဆိုတာမသိဘူး။ လမ်းကြောင်းက ၁၅၊ ၁၆ရက်ကျရင် စပိတ်ပြီလို့ ကြားပါတယ်”ဟု လွိုင်ကော်မြို့ခံက ပြောသည်။

(ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရောက်ရှိလာသည့် လွိုင်ကော်မြို့မှ တိုက်ပွဲရှောင်ပြည်သူများအား ဇန်နဝါရီ၉ရက်ညက တွေ့ရစဥ် ၊ ဓာတ်ပုံ - Shan State Red Cross)

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ကို ဇန်ဝါရီ ၉ရက်ကစပြီး အကြမ်းဖက် စစ်ကောင်စီက မီးနှင့်ရေ ဖြတ်တောက်ထားကြောင်း လွိုင်ကော်မြို့ နမ့်ဘော်ဝမ်ရပ်ကွက်ရှိ ဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီ ပထမပိတ်မှစ၍ တိုက်ပွဲများ ပြင်းထန်ခဲ့၍ မြို့ပေါ်နေလူထုများ ယခုရက်ပိုင်းအတွင်း မြို့ကိုစွန့်ခွာပြီး အခြားမြို့များသို့ စစ်ဘေးတိမ်းရှောင်မှုများ များပြားလျက်ရှိသည်။

Public Service Announcement

“လွိုင်ကော်မြို့တွင်း ရွှေ့ပြောင်းသွားလာတဲ့ပိတ်မိနေတဲ့သူ တော်တော်များများ ကျန်သေးတယ်။ ရွှေ့ချင်တာ ကားမရှိတာ အခက်အခဲဖြစ်နေတာကြောင့် လွိုင်ကော်မြို့တွင်းမှာ ရှိတဲ့ ပြည်သူတွေ စောင့်နေရတာ။ တချို့ကျတော့လည်း လုံး၀ မတက်နိုင်(ငွေကြေးမတက်နိုင်)တဲ့အခါကျတော့ ဒီမှာပဲနေ ဒီမှာပဲ သေရင်သေဆိုတဲ့ သူလည်းရှိနေတာ။ အဓိကတော့ ကားအခက်အခဲဖြစ်နေကြတာပေါ့” ဟု လွိုင်ကော်မြို့ခံက ပြောသည်။

(ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရောက်ရှိလာသည့် လွိုင်ကော်မြို့မှ တိုက်ပွဲရှောင်ပြည်သူများအား ဇန်နဝါရီ၉ရက်ညက တွေ့ရစဥ် ၊ ဓာတ်ပုံ – Shan State Red Cross)

အချို့အိမ်များက အိမ်အစောင့်အဖြစ် အမျိုးသားတစ်ဦးကို ချန်ထားခဲ့ကြောင်း၊အများစုမှာ အိုးအိမ်ပစ္စည်းများ ခိုးယူခံရခြင်း၊ မီးလောင်ပျက်စီးခြင်း ဖြစ်မည်ကို စိုးရိမ်သော်လည်း အသက်အန္တရာယ်ကြောင့် နေအိမ်ကို စွန့်ခွာသွားကြပြီဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မနေ့ကစပြီး မီးရော၊ ရေရော ပျက်တယ်။ မီးရော၊ ရေရော အကုန်လုံး ပျက်သွားပြီ။ ရက်ကတော့ အကန့် အသက်မရှိဘူး။ ဘယ်နေ့ဘာဖြစ်မယ်ဆိုတာမသိဘူး။ လမ်းကြောင်းက ၁၅၊ ၁၆ရက်ကျရင် စပိတ်ပြီလို့ ကြားပါတယ်”ဟု လွိုင်ကော်မြို့ခံက ပြောသည်။

ဇန်ဝါရီလလယ်နောက်ပိုင်း၌ စစ်ရေးပိုမိုပြင်းထန်မည်ဟူသော ပြောဆိုချက်များ လွိုင်ကော်လူထုအကြား ပြန့်နှံ့နေကြောင်း ၎င်းက ဆိုသည်။

(ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရောက်ရှိလာသည့် လွိုင်ကော်မြို့မှ တိုက်ပွဲရှောင်ပြည်သူများအား ဇန်နဝါရီ၉ရက်ညက တွေ့ရစဥ် ၊ ဓာတ်ပုံ – Shan State Red Cross)

လွိုင်ကော်မြို့ပေါ်တွင် ဇန်နဝါရီ ၇ရက်နှင့် ၈ရက်က တိုက်ပွဲများ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့သည်။ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် မြို့ခံလူထု ၆ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။

လွိုင်ကော်နှင့် ဆက်စပ်နေသည့် ဒီးမော့်ဆိုမြို့နယ်တွင်လည်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိနေရာ စစ်ကောင်စီတပ်က ပိုမိုအထိနာလျက်ရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း လွိုင်ကော်၊ ဒီးမော့ဆို အပါအဝင် ကရင်နီဒေသ၌ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊ ကရင်နီတပ်မတော် အပါအဝင် ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

ကယ်ထုတ်ခဲ့သူများတွင် ဘုန်းကြီးနှင့် ကိုရင်များ ၊က​လေူငယ်များ ၊အမျိုးသမီး အများစုပါဝင်ပြီး သက်ကြီးရွယ်အိုနှင့်အရွယ်စုံအမျိုးသားများလည်းပါဝင်သည်။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။