Connect with us

Hi, what are you looking for?

News

လေးကေ့ကော်မြို့သစ် ဖလူးဒေသ၌ ယနေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ တစ်ဦးသေ

လက်ရှိ လေးကေ့ကော်ဒေသ စစ်ရေးအခြေအနေမှာ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသော်လည်း တိုက်ပွဲကြီးများ ဖြစ်ပွားမှုမရှိဟု ဆိုသည်။

(လေးကေ့ကော်မြို့သစ်ရှိ နေအိမ်များကို စစ်ကောင်စီတပ်က ၂၀၂၁ စက်တင်ဘာ ၂၈ ရက်တွင် ဝင်ရောက်စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - ကဆောဝါ)

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ် ဖလူးဒေသ၌ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့ကြောင်း အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) စခန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ဖလူးဒေသသို့ စစ်ကြောင်းထိုးလာ၍ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မနက်က ၁၂နာရီ ပတ်ဝန်းကျင်လောက်က စပြီးတိုက်ပွဲဖြစ်တာ။ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်း ထိုးတဲ့အချိန်မှာ ဖလူးမှာရှိတဲ့အဖွဲ့တွေနဲ့ဖြစ်ကြတာပေါ့။ ခုနက ၁နာရီခွဲလောက်အထိ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတယ်။ သူတို့ဘက်က တစ်ယောက်သေတယ်ပြောတယ်။ ဒီဘက်က အထိအခိုက်မရှိပါဘူး” ဟု PDF တပ်စခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလလယ်ကစပြီး လေ့ကေ့ကော်ဒေသသို့ စစ်ကောင်စီတပ်များ ဝင်ရောက် အင်အား သုံးစီးနင်းခဲ့ခြင်းကြောင့် KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး အလွန်အကျွံပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ သည်။ ထို့ကြောင့် ဒေသခံ တစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။

Public Service Announcement

Public Service Announcement

လက်ရှိ လေးကေ့ကော်ဒေသ စစ်ရေးအခြေအနေမှာ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသော်လည်း တိုက်ပွဲကြီးများ ဖြစ်ပွားမှုမရှိဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။