မတူပီမြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က မတူပီ -ပလက်၀လမ်းရှိ စစ်ကောင်စီတပ်၏ တပ်ရင်းတစ်ခုနှင့် တပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း မတူပီ CDFက ယနေ့ ထုတ်ပြန်သည်။
ဇန်နဝါရီ ၁၀ရက် နေ့လယ် ၃နာရီခန့်က မတူပီ – ပလက်၀လမ်းအခြေစိုက် ခမရ(၃၀၄)အား တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ဇန်ဝါရီ ၇ရက်နှင့် ၈ရက်အတွင်း မတူပီ -ပလက်၀လမ်းရှိ ထယ်ဘွေးတပ်စခန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်နှစ်ခုအတွင်း မတူပီ CDF ဘက်မှ ထိခိုက်မှုမရှိခဲ့ဟု ဖော်ပြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်က ချင်းဒေသခံ ခရီးသွားအရပ်သားပြည်သူ ၁၀ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းအပေါ် လက်စားချေတုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
မတူပီ CDFသည် ဇန်နဝါရီလဆန်းမှစ၍ ထယ်ဘွေးတပ်စခန်းကို တိုက်ခိုက်ခဲ့သည်။ ထို့ပြင် မတူပီ -ဟားခါးလမ်း တွင်လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အဆိုပါလမ်း၌ စစ်ကောင်စီတပ်က ချင်းဒေသခံ အရပ်သား ပြည်သူ ၁၀ဦးကို ဖမ်းဆီးပြီး လမ်းပြ၊ လူသားဒိုင်းအဖြစ် အသုံးပြုပြီး သတ်ဖြတ်ခဲ့သည်ဟု CDFက ထုတ်ပြန်ထားသည်။
