Connect with us

Hi, what are you looking for?

LuduNwayOo

News

မတ္တရာမြို့နယ်ရှိ ကျေးရွာများ လျှပ်စစ်မီးဖြတ်ခံရ၊ စစ်ကောင်စီဆန့်ကျင်ရေးသပိတ် ဆက်လုပ်

“စည်ရုံးလို့ရတဲ့ရွာနဲ့ စစ်ကောင်စီ ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု နှလုံးရည်တိုက်ပွဲကို လုပ်တာ။ လုံခြုံရေးသတိ အမြဲရှိနေတဲ့အတွက် ဒီသပိတ်လုပ်နေတဲ့အချိန်မှာတော့ ဘာအခက်အခဲမှမရှိဘူး”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီကိုဆန့်ကျင်ပြီး လျှပ်စစ်မီတာဘီလ်မဆောင်၍ဟုဆိုကာ မတ္တရာမြို့နယ်ရှိ ကျေးရွာအုပ်စုအချို့မှ ကျေးရွာများ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လျှပ်စစ်မီးဖြတ်တောက်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မတ္တရာမြို့နယ် လမိုင်းအုပ်စုနှင့် တောင်ကန်အုပ်စု မှ ကျေးရွာ၁၆ရွာအနက် ၁၄ရွာကို စစ်ကောင်စီက မီးဖြတ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ကျေးရွာများ၌ ဆန်စက်လုပ်ငန်း၊ လျှပ်စစ်ရေတင်စိုက်ပျိုးရေးလုပ်ငန်းများ အပါအဝင် လျှပ်စစ်အသုံးပြုလုပ်ငန်းများ မလည်ပတ်နိုင်စေရန် အကြပ်ကိုင်ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“အဓိကက ဗိုက်ရိုက်တဲ့ ပြဿနာ ပြည်သူလူထုတွေက စားဝတ်နေရေးပြေလည်တယ်ဆိုရင်သူတို့ကို ဆန့်ကျင် တယ်။ ပြည်သူတွေ စားဝတ်နေရေးခက်အောင် ဘယ်လိုလုပ်ရမလဲ တစ်ခုခုလုပ်ထားလိုက် စားဝတ်နေ ရေးခက်ခဲ နေရင် အဲဒီထဲမှာ ရုန်းကန်နေရတဲ့အတွက် သူတို့ကို မဆန့်ကျင်နိုင်တော့ဘူး။ အဲဒီလိုမျိုးနဲ့ ယုတ်မာကောက်ကျစ် တဲ့ နည်းလမ်းတွေ သုံးနေတာ”ဟု မတ္တရာ ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က မတ္တရာနယ်ခံများကို အမျိုးမျိုးဖိနှိပ်မှုများ လုပ်ဆောင်နေသကဲ့သို့ ဒေသခံများကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၂ရက်ညပိုင်းက မတ္တရာမြို့နယ်ရှိ ကျေးလက်ဒေသတစ်ခုတွင် စစ်ကောင်စီ ဆန့်ကျင်ရေးသပိတ် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“စည်ရုံးလို့ရတဲ့ရွာနဲ့ စစ်ကောင်စီ ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု နှလုံးရည်တိုက်ပွဲကို လုပ်တာ။ လုံခြုံရေးသတိ အမြဲရှိနေတဲ့အတွက် ဒီသပိတ်လုပ်နေတဲ့အချိန်မှာတော့ ဘာအခက်အခဲမှမရှိဘူး”ဟု ဒေသခံက ပြောသည်။

မတ္တရာမြို့နယ်ရှိ ကျေးလက်ဒေသများ၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများကို မကြာခဏ ပြုလုပ်လေ့ရှိသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။