Connect with us

Hi, what are you looking for?

News

မတ္တရာမြို့နယ်ရှိ ကျေးရွာများ လျှပ်စစ်မီးဖြတ်ခံရ၊ စစ်ကောင်စီဆန့်ကျင်ရေးသပိတ် ဆက်လုပ်

“စည်ရုံးလို့ရတဲ့ရွာနဲ့ စစ်ကောင်စီ ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု နှလုံးရည်တိုက်ပွဲကို လုပ်တာ။ လုံခြုံရေးသတိ အမြဲရှိနေတဲ့အတွက် ဒီသပိတ်လုပ်နေတဲ့အချိန်မှာတော့ ဘာအခက်အခဲမှမရှိဘူး”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီကိုဆန့်ကျင်ပြီး လျှပ်စစ်မီတာဘီလ်မဆောင်၍ဟုဆိုကာ မတ္တရာမြို့နယ်ရှိ ကျေးရွာအုပ်စုအချို့မှ ကျေးရွာများ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လျှပ်စစ်မီးဖြတ်တောက်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မတ္တရာမြို့နယ် လမိုင်းအုပ်စုနှင့် တောင်ကန်အုပ်စု မှ ကျေးရွာ၁၆ရွာအနက် ၁၄ရွာကို စစ်ကောင်စီက မီးဖြတ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ကျေးရွာများ၌ ဆန်စက်လုပ်ငန်း၊ လျှပ်စစ်ရေတင်စိုက်ပျိုးရေးလုပ်ငန်းများ အပါအဝင် လျှပ်စစ်အသုံးပြုလုပ်ငန်းများ မလည်ပတ်နိုင်စေရန် အကြပ်ကိုင်ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“အဓိကက ဗိုက်ရိုက်တဲ့ ပြဿနာ ပြည်သူလူထုတွေက စားဝတ်နေရေးပြေလည်တယ်ဆိုရင်သူတို့ကို ဆန့်ကျင် တယ်။ ပြည်သူတွေ စားဝတ်နေရေးခက်အောင် ဘယ်လိုလုပ်ရမလဲ တစ်ခုခုလုပ်ထားလိုက် စားဝတ်နေ ရေးခက်ခဲ နေရင် အဲဒီထဲမှာ ရုန်းကန်နေရတဲ့အတွက် သူတို့ကို မဆန့်ကျင်နိုင်တော့ဘူး။ အဲဒီလိုမျိုးနဲ့ ယုတ်မာကောက်ကျစ် တဲ့ နည်းလမ်းတွေ သုံးနေတာ”ဟု မတ္တရာ ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က မတ္တရာနယ်ခံများကို အမျိုးမျိုးဖိနှိပ်မှုများ လုပ်ဆောင်နေသကဲ့သို့ ဒေသခံများကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၂ရက်ညပိုင်းက မတ္တရာမြို့နယ်ရှိ ကျေးလက်ဒေသတစ်ခုတွင် စစ်ကောင်စီ ဆန့်ကျင်ရေးသပိတ် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“စည်ရုံးလို့ရတဲ့ရွာနဲ့ စစ်ကောင်စီ ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု နှလုံးရည်တိုက်ပွဲကို လုပ်တာ။ လုံခြုံရေးသတိ အမြဲရှိနေတဲ့အတွက် ဒီသပိတ်လုပ်နေတဲ့အချိန်မှာတော့ ဘာအခက်အခဲမှမရှိဘူး”ဟု ဒေသခံက ပြောသည်။

မတ္တရာမြို့နယ်ရှိ ကျေးလက်ဒေသများ၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများကို မကြာခဏ ပြုလုပ်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အုန်းတော-ရွှေဘို မဟာဓာတ်အားလိုင်းတစ်လိုင်း ထပ်မံပျက်စီးသွားပြီး ရွှေဘိုတစ်မြို့လုံး ၃ ပတ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။