Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖလူးတိုက်ပွဲမှာ စစ်​ကောင်စီတပ်သား ၆ ဦး​သေဆုံးပြီး ဒဏ်ရာရသူ​တွေလည်းရှိတယ်လို့ဆို

ဖလူးဒေသတိုက်ပွဲ ငါးရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပြီး ဖလူးဒေသတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ဒီကေဘီအေ KNLA- PDF ပူးပေါင်းတပ်တို့အကြား ဖလူးဒေသမှာ မ​နေ့က ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၇ ဦးခန့်ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မြေပြင်ဒီကေဘီအေတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။

မြ၀တီမြို့နယ် ဖလူးဒေသထဲမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)ရဲ့ စခန်းကို အာဏာသိမ်းစစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်မှုတွေပြုလုပ်ခဲ့ပြီးတဲ့ မနေ့ကတိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးသွားခဲ့ပြီး ၇ ဦးခန့်ဒဏ်ရာရရှိသွားခဲ့ကာ ကျည်ဆံနဲ့ဗုံးသီးအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒီကဘီအေတပ်ဖွဲ့ထံကနေ သိရပါတယ်။

ဒီကဘီအေ ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ၅ ဦး ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပြီး စိုးရိမ်စရာမရှိဘူးလို့လည်း သိရပါသေးတယ်။