Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖလူးဒေသတွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

“၁၂နာရီ ၁၀မိနစ်လောက်က လာတာ။ ဟတ်စကီး နှစ်စီးနဲ့ ပတ်ပြီးတော့ ဗုံးတွေကြဲသွားတာ။ စက်သေနတ်နဲ့လည်းပစ်တယ်။ အထိအခိုက်အကျဆုံးတော့ မသိရသေးပါဘူး”ဟု ၎င်းက ​ပြောသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးလေးဒေသ၌ ယနေ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးဖြင့် ယနေ့နေ့လည်ပိုင်း၌ လာရောက်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

“၁၂နာရီ ၁၀မိနစ်လောက်က လာတာ။ ဟတ်စကီး နှစ်စီးနဲ့ ပတ်ပြီးတော့ ဗုံးတွေကြဲသွားတာ။ စက်သေနတ်နဲ့လည်းပစ်တယ်။ အထိအခိုက်အကျဆုံးတော့ မသိရသေးပါဘူး”ဟု ၎င်းက ​ပြောသည်။

ဖလူးလေးဒေသရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) စခန်းကို စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) ပူးပေါင်း၍ ထိုးစစ်ဆင်လာ၍ DKBA ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ PDF တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ ယင်းဒေသ၌ ၅ရက်ဆက်တိုက်ပွဲဖြစ်ပွား လျက်ရှိသည်။

“မနက်ရော နေ့ရော ညရောဖြစ်နေတာ။ လက်ရှိ လေကြောင်းက မတိုက်မီအထိတေ့ာ ဒီဘက်က အထိ အခိုက်အကျအဆုံး မရှိဘူး။ ဟိုဘက်ကတော့ နေ့တိုင်းလိုလိုကျနေတာရှိတယ်။ မနေ့က စကစ ဘက်က ၆ယောက်လောက်သေပြီး ၇ယောက်လောက် ဒဏ်ရာရတယ်လို့ သိရတယ်။ အဲဒါ မနေ့က တစ်ရက်တည်း။ ဗိုလ်စလုံးစခန်းကို သူတို့ တိုက်နေတာ ဒီနေ့ဆို ၅ရက်မြောက်နေ့ပေါ့” ဟု PDF စခန်း တာဝန်ရှိသူ တစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

DKBA တပ်မှူးဖြစ်သူ ဗိုလ်မှူးစောစလုံးကလည်း ၎င်းတို့ စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာမှုအပေါ် နောက်မဆုတ်ဘဲ ပြန်လည်တွန်းလှန်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။