Connect with us

Hi, what are you looking for?

News

ဖလူးဒေသတွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

“၁၂နာရီ ၁၀မိနစ်လောက်က လာတာ။ ဟတ်စကီး နှစ်စီးနဲ့ ပတ်ပြီးတော့ ဗုံးတွေကြဲသွားတာ။ စက်သေနတ်နဲ့လည်းပစ်တယ်။ အထိအခိုက်အကျဆုံးတော့ မသိရသေးပါဘူး”ဟု ၎င်းက ​ပြောသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးလေးဒေသ၌ ယနေ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးဖြင့် ယနေ့နေ့လည်ပိုင်း၌ လာရောက်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

“၁၂နာရီ ၁၀မိနစ်လောက်က လာတာ။ ဟတ်စကီး နှစ်စီးနဲ့ ပတ်ပြီးတော့ ဗုံးတွေကြဲသွားတာ။ စက်သေနတ်နဲ့လည်းပစ်တယ်။ အထိအခိုက်အကျဆုံးတော့ မသိရသေးပါဘူး”ဟု ၎င်းက ​ပြောသည်။

ဖလူးလေးဒေသရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) စခန်းကို စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) ပူးပေါင်း၍ ထိုးစစ်ဆင်လာ၍ DKBA ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ PDF တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ ယင်းဒေသ၌ ၅ရက်ဆက်တိုက်ပွဲဖြစ်ပွား လျက်ရှိသည်။

“မနက်ရော နေ့ရော ညရောဖြစ်နေတာ။ လက်ရှိ လေကြောင်းက မတိုက်မီအထိတေ့ာ ဒီဘက်က အထိ အခိုက်အကျအဆုံး မရှိဘူး။ ဟိုဘက်ကတော့ နေ့တိုင်းလိုလိုကျနေတာရှိတယ်။ မနေ့က စကစ ဘက်က ၆ယောက်လောက်သေပြီး ၇ယောက်လောက် ဒဏ်ရာရတယ်လို့ သိရတယ်။ အဲဒါ မနေ့က တစ်ရက်တည်း။ ဗိုလ်စလုံးစခန်းကို သူတို့ တိုက်နေတာ ဒီနေ့ဆို ၅ရက်မြောက်နေ့ပေါ့” ဟု PDF စခန်း တာဝန်ရှိသူ တစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

DKBA တပ်မှူးဖြစ်သူ ဗိုလ်မှူးစောစလုံးကလည်း ၎င်းတို့ စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာမှုအပေါ် နောက်မဆုတ်ဘဲ ပြန်လည်တွန်းလှန်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။