Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ် ​လေ​​ယာဥ်နှစ်စင်းနဲ့ ဗုံးပါကြဲလို့ဖလူးမှာရှိတဲ့ DKBA ကင်းစခန်းတစ်ခု ဝင်စီးခံရ

စစ်ကောင်စီက ဒီ​နေ့လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့လို့ ထိခိုက်မှုတွေရှိနေပြီး ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်မသိရှိရသေးဘူးလို့ ဆက်ပြောပါတယ်။

People's Spring
People's Spring

စစ်ကောင်စီတပ်က အင်အားအလွန်အကျွံအသုံးပြုပြီး ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ခဲ့လို့ ဖလူးဒေသမှာရှိတဲ့ ဒီကေဘီအေက ဗိုလ်မှူးစောစလုံးရဲ့ စခန်းငယ်တစ်ခု ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ဖလူးဒေသတိုက်ပွဲ ၅ ရက်မြောက်ဖြစ်တဲ့ ဒီကနေ့မှာ အာဏာသိမ်းစစ်ကောင်စီတပ်က မြေပြင်ထိုးစစ်တွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့သာမက လေယာဉ်နှစ်စင်းနဲ့ပါ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဗိုလ်မှူးစောစလုံးရဲ့ စခန်းငယ်တစ်ခု ဆုတ်ခွာပေးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“သူတို့လေယာဉ်နဲ့ပစ်တယ်။ ပစ်ပြီးနောက်ပိုင်းမှာ လက်နက်ကြီးတွေပေါ့ ၁၂၀ မမတွေနဲ့ စွယ်တော်ကုန်းကနေ ပစ်တာတော့ရှိတယ်။ ပစ်ပြီးတော့ သာလွန်အင်အားနဲ့ဝင်ပြီးတော့ စခန်းကိုဝင်စီးတယ်ပေါ့။ လက်ရှိအခြေအနေမှာ စစ်ကြောင်းတွေထိုးတာလည်း စကစကပဲထိုးတာ။ ကျနော်တို့ ဒီဘက်က တိုင်းရင်းသားတပ်မတော်တွေအနေနဲ့က သူတို့ကိုစစ်ကြောင်းထိုးတာမရှိဘူး။ သူတို့က တဖက်သတ်လာထိုးတယ်။ ထိုးပြီးတော့ နောက်ဆုံးမှာ သူတို့ မနိုင့်နိုင်အောင်ပေါ့။ ရှိသမျှအင်အား အလုံးအရင်းသုံးပြီး​တော့ နောက်ဆုံးမှာလေတပ်နဲ့သုံးတာပေ့ါ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက ဒီ​နေ့လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့လို့ ထိခိုက်မှုတွေရှိနေပြီး ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်မသိရှိရသေးဘူးလို့ ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က ဖလူးဒေသတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၇ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဖလူးဒေသမှာ စစ်ကောင်စီ ဘီဂျီအက်ပူးပေါင်းတပ်နဲ့ ကေအဲန်ယူ ဒီကေဘီအေ ပီဒီအက်ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံအရပ်သားပြည်သူတွေဟာ ထိုင်းဘက်ကို ထပ်မံတိမ်းရှောင်ထွက်ပြေးခဲ့ရပြီး လက်ရှိမှာ လေးကေကော် ထီးမယ်ဝါးခီး ဖလူး မယ်ထော်သလေးစတဲ့ ကျေးရွာတွေက စစ်ရှောင်ပြည်သူ ၂၀၀၀၀ ဝန်းကျင်ရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ရဲ့တောင်ဘက်မှာအာဏာသိမ်းစစ်တပ်ရဲ့လက် နက်ကြီးပစ်ခတ်မှုကြောင့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်( DK BA)တပ်ဖွဲ့ဝင်တွေအချို့ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်းကရင်သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။