Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ် ​လေ​​ယာဥ်နှစ်စင်းနဲ့ ဗုံးပါကြဲလို့ဖလူးမှာရှိတဲ့ DKBA ကင်းစခန်းတစ်ခု ဝင်စီးခံရ

စစ်ကောင်စီက ဒီ​နေ့လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့လို့ ထိခိုက်မှုတွေရှိနေပြီး ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်မသိရှိရသေးဘူးလို့ ဆက်ပြောပါတယ်။

People's Spring
People's Spring

စစ်ကောင်စီတပ်က အင်အားအလွန်အကျွံအသုံးပြုပြီး ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ခဲ့လို့ ဖလူးဒေသမှာရှိတဲ့ ဒီကေဘီအေက ဗိုလ်မှူးစောစလုံးရဲ့ စခန်းငယ်တစ်ခု ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ဖလူးဒေသတိုက်ပွဲ ၅ ရက်မြောက်ဖြစ်တဲ့ ဒီကနေ့မှာ အာဏာသိမ်းစစ်ကောင်စီတပ်က မြေပြင်ထိုးစစ်တွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့သာမက လေယာဉ်နှစ်စင်းနဲ့ပါ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဗိုလ်မှူးစောစလုံးရဲ့ စခန်းငယ်တစ်ခု ဆုတ်ခွာပေးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“သူတို့လေယာဉ်နဲ့ပစ်တယ်။ ပစ်ပြီးနောက်ပိုင်းမှာ လက်နက်ကြီးတွေပေါ့ ၁၂၀ မမတွေနဲ့ စွယ်တော်ကုန်းကနေ ပစ်တာတော့ရှိတယ်။ ပစ်ပြီးတော့ သာလွန်အင်အားနဲ့ဝင်ပြီးတော့ စခန်းကိုဝင်စီးတယ်ပေါ့။ လက်ရှိအခြေအနေမှာ စစ်ကြောင်းတွေထိုးတာလည်း စကစကပဲထိုးတာ။ ကျနော်တို့ ဒီဘက်က တိုင်းရင်းသားတပ်မတော်တွေအနေနဲ့က သူတို့ကိုစစ်ကြောင်းထိုးတာမရှိဘူး။ သူတို့က တဖက်သတ်လာထိုးတယ်။ ထိုးပြီးတော့ နောက်ဆုံးမှာ သူတို့ မနိုင့်နိုင်အောင်ပေါ့။ ရှိသမျှအင်အား အလုံးအရင်းသုံးပြီး​တော့ နောက်ဆုံးမှာလေတပ်နဲ့သုံးတာပေ့ါ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက ဒီ​နေ့လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့လို့ ထိခိုက်မှုတွေရှိနေပြီး ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်မသိရှိရသေးဘူးလို့ ဆက်ပြောပါတယ်။

မနေ့က ဖလူးဒေသတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၇ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဖလူးဒေသမှာ စစ်ကောင်စီ ဘီဂျီအက်ပူးပေါင်းတပ်နဲ့ ကေအဲန်ယူ ဒီကေဘီအေ ပီဒီအက်ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံအရပ်သားပြည်သူတွေဟာ ထိုင်းဘက်ကို ထပ်မံတိမ်းရှောင်ထွက်ပြေးခဲ့ရပြီး လက်ရှိမှာ လေးကေကော် ထီးမယ်ဝါးခီး ဖလူး မယ်ထော်သလေးစတဲ့ ကျေးရွာတွေက စစ်ရှောင်ပြည်သူ ၂၀၀၀၀ ဝန်းကျင်ရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေထံကနေ သိရပါတယ်။