Connect with us

Hi, what are you looking for?

News

ကနီ PDFက ကိုယ်တိုင်ထုတ်လက်နက်ခဲယမ်းများကိုပြသ

လက်လုပ်မိုင်းများ၊ စိန်ပြောင်းများ၊ ရှော့တိုက်ဒုံးများ စ​​သောလက်နက်ခဲယမ်းများ အားလုံးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စုပေါင်းထုတ်လုပ်ထားခြင်းဟု သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အား တိုက်ခိုက်မည့် ကိုယ်တိုင်လုပ် စိန်ပြောင်းနှင့် မိုင်းများကို ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတစ်ဖွဲ့ဖြစ်သော B21 – Kani PDFက ယနေ့ (ဇန်နဝါရီ ၁၄)ထုတ်ပြန်သည်။

လက်လုပ်မိုင်းများ၊ စိန်ပြောင်းများ၊ ရှော့တိုက်ဒုံးများ စ​​သောလက်နက်ခဲယမ်းများ အားလုံးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စုပေါင်းထုတ်လုပ်ထားခြင်းဟု သိရသည်။

B21 – Kani PDFသည် ဒေသတွင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ထီးချိုင့်နဲ့ အင်းတော်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်မှုများပြားခဲ့ပြီး လက်နက်နဲ့ သုံ့ပန်းအချို့ရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY PDF)အထူးလှုပ်ရှားတပ်မက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်းရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ သပိတ်အင်အားစုဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီးသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံတဲ့လှုပ်ရှားမှုကို ဒီကနေ့ (အောက်တို့ဘာ ၂၂) မှာ ပြုလုပ်ခဲ့ကြပါတယ်။

Facebook