Connect with us

Hi, what are you looking for?

News

ပြစ်မှုကျူးလွန်သူများတာဝန်ခံမှုရှိစေရေး အာဆီယံနှင့်နိုင်ငံတကာက လုပ်ဆောင်ရန် အင်ဒိုနီးရှားအရပ်ဘက်အဖွဲ့များ ထပ်မံတောင်းဆို

စစ်ကောင်စီကို လက်မခံကြောင်း အကြိမ်ကြိမ်ငြင်းပယ်နေသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး ၎င်းတို့ တောင်းဆိုသည့်အတိုင်း နိုင်ငံတကာအသိုင်းအဝန်းက အရေးယူဆောင် ရွက်ရန် အရပ်ဘက်အဖွဲ့အစည်းများက ထပ်မံပြောသည်။

(မင်းအောင်လှိုင်နှင့်အဖွဲ့က စိုးဝင်း၏ ရုရှားခရီးစဥ်ကို နေပြည်တော်လေဆိပ်၌ လိုက်ပါပို့ဆောင်ပေးနေသည်ကို ၂၀၂၁ စက်တင်ဘာ၁ရက်က တွေ့ရစဥ် ၊ ဓာတ်ပုံ - dsinfo)

မြန်မာနိုင်ငံတွင် ပြစ်မှုကျူးလွန်သူများ တာဝန်ခံမှုရှိစေရေး အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝန်းက ၎င်းတို့၏တာဝန်ရှိမှုကိုကျင့်သုံးရန် အင်ဒိုနီးရှားအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများက ထပ်မံတောင်းဆိုသည်။

အင်ဒိုနီးရှားလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်း ထုတ်ဖော်ပြောကြားကာ စစ်အုပ်စုက ဆက်လက်ကျူးလွန်နေသော ဆိုးရွားသည့်ချိုး ဖောက်မှုများကို ပြစ်တင်ရှုတ်ချကြောင်း ယနေ့(ဇန်နဝါရီ ၁၄ ရက်)ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ ပြည်သူများ၏ လူ့အခွင့်အရေးများကို ကာကွယ်ရန်လည်း အင်ဒိုနီးရှားအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၁၀ ခုက ပူးတွဲကြေညာချက်ထုတ်ပြန်သည်။ ယင်းကြေညာချက်များကို ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်း ၂၇ ခုက ထောက်ခံကြောင်း ဖော်ပြသည်။

အာဏာသိမ်းကြိုးပမ်းမှု တစ်နှစ်နီးပါးရှိလာချိန်အထိ စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် စနစ်တကျ ရက်စက်ကြမ်းတမ်းမှုများကို ကျူးလွန်ခဲ့ပြီး ယင်းက လူတစ်ထောင်ကျော်သေဆုံးခဲ့ကာ မရေမတွက်နိုင်အောင် ညှင်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်း၊ ဖမ်းဆီးထိန်း သိမ်းခြင်းနှင့် အစဖျောက်ခြင်းတို့ကို ဖြစ်စေခဲ့သည်။

Public Service Announcement

Public Service Announcement

အာဆီယံ၏ ဘုံဆုံးဖြတ်ချက် ၅ ရပ်နှင့် စကားလုံးများဖြင့် ပြစ်တင်ရှုံ့ချခြင်းတို့ရှိခဲ့သော်လည်း စစ်ကောင်စီက ၎င်းတို့၏ အကြမ်းဖက်မှုကိုသာ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့သည်။

ထို့အပြင် ယခုနှစ်အာဆီယံအလှည့်ကျဥက္ကဌ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်က အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်မရရှိဘဲ လာမည့်အာဆီယံအစည်း အဝေးများသို့ အကြမ်းဖက်မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားရန် ရည်ရွယ်ချက် ဖြင့် သွားရောက်သော နေပြည်တော်ခရီးစဉ်ကို စိတ်ပျက်ကြောင်း အထက်ပါအရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်သည်။

ယင်းသည် ဒေသတွင်းနှင့် နိုင်ငံတကာအသိုင်းအဝန်းက စစ်ကောင်စီကို အသိအမှတ်မပြုရေး ကြိုးပမ်းမှုများကို များစွာဆုတ်ယုတ်စေကြောင်း လူ့အခွင့်အရေးတက်ကြွသူများက ဆိုသည်။

စစ်ကောင်စီကို လက်မခံကြောင်း အကြိမ်ကြိမ်ငြင်းပယ်နေသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး ၎င်းတို့ တောင်းဆိုသည့်အတိုင်း နိုင်ငံတကာအသိုင်းအဝန်းက အရေးယူဆောင် ရွက်ရန် အရပ်ဘက်အဖွဲ့အစည်းများက ထပ်မံပြောသည်။

မြန်မာပြည်သူများ၏ သတင်းစကားကို အာဆီယံနှင့်နိုင်ငံတကာအသိုင်းအဝန်းက အလေးထားရ မည်ဟု ယင်းအဖွဲ့အစည်းများက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။