Connect with us

Hi, what are you looking for?

News

ဖလူးဒေသ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ​ဒေသခံအချို့ထိခိုက်ဒဏ်ရာရ၊ ​နေအိမ်များလည်းပျက်စီး

စစ်ကောင်စီတပ်သည် ကရင်ဒေသတွင်သာမက ကချင်၊ ကရင်နီ၊ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းမြောက် တိုက်ပွဲများ၌ လေကြောင်းတိုက်ခိုက်မှု မကြာခဏ သုံးတိုက် ခိုက်ခဲ့သည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးလေးဒေသ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ​လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် ဓာတ်ပုံများကို Salween Press က ယနေ့ဖော်ပြသည်။

ဇန်နဝါရီ ၉ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)မှ တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ပြီး ဒေသခံများဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ဒဏ်ရာရသည့် အရပ်သားအချို့နှင့် လူနေအိမ်အချို့၏ ပုံများကိုလည်း ဖော်ပြခဲ့သည်။

စစ်ကောင်စီတပ်သည် ကရင်ဒေသတွင်သာမက ကချင်၊ ကရင်နီ၊ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းမြောက် တိုက်ပွဲများ၌ လေကြောင်းတိုက်ခိုက်မှု မကြာခဏ သုံးတိုက် ခိုက်ခဲ့သည်။

ယခုလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကရင်နီဒေသ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို မြို့နယ်များအတွင်း နှင့် စစ်ကိုင်းတိုင်း အတွင်း ဖြစ်စဉ်များတွင် အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။