ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးလေးဒေသ တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် ဓာတ်ပုံများကို Salween Press က ယနေ့ဖော်ပြသည်။

ဇန်နဝါရီ ၉ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)မှ တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ပြီး ဒေသခံများဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ဒဏ်ရာရသည့် အရပ်သားအချို့နှင့် လူနေအိမ်အချို့၏ ပုံများကိုလည်း ဖော်ပြခဲ့သည်။
စစ်ကောင်စီတပ်သည် ကရင်ဒေသတွင်သာမက ကချင်၊ ကရင်နီ၊ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းမြောက် တိုက်ပွဲများ၌ လေကြောင်းတိုက်ခိုက်မှု မကြာခဏ သုံးတိုက် ခိုက်ခဲ့သည်။
ယခုလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကရင်နီဒေသ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို မြို့နယ်များအတွင်း နှင့် စစ်ကိုင်းတိုင်း အတွင်း ဖြစ်စဉ်များတွင် အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည်။
