Connect with us

Hi, what are you looking for?

News

စစ်​ကြောင်းထိုးလာသည့် စစ်​ကောင်စီတပ်ကို KIAနှင့် မြို့လှ PDFပူး​ပေါင်းတိုက်ခိုက်

တိုက်ပွဲအတွင်းလက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ကြောင်း မြို့လှ PDFက ဆိုသည်။

▪️စစ်​ကောင်စီတပ်သား ၁၅ဦးထက်မနည်း​သေဟုဆို

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ မြို့လှမြို့ နယ်မြေအတွင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ
အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်း သေဆုံးကြောင်း မြို့လှPDFက ယနေ့(ဇန်နဝါရီ ၁၈)တွင် ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ မြို့လှနယ် ရွှေငြိမ်းချမ်း​ကျေးရွာမှ ခြေလျင်စစ်ကြောင်းထိုး ​တက်လာသော အင်အား ၅၀ ကျော်ရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီခန့်က အမှတ်ကြီးကုန်းရွာအနီးတွင် မြို့လှ PDF နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်းလက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ကြောင်း မြို့လှ PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၅ဦးထက်မနည်း သေဆုံး၍ အမြောက်အများဒဏ်ရာရရှိခဲ့ပြီး မြို့လှ PDF တပ်မှ ရဲဘော် သုံးဦးမစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှသေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို နီးစပ်ရာ ယရေလမ်းကြောင်းမှတစ်ဆင့် သယ်ဆောင်​နေကြောင်းလည်း မြို့လှ PDF က အသိပေးသည်။

ယခုလဆန်းပိုင်းကစ၍ ဧရာဝတီမြစ်ကြောင်း ပေါ်မှတစ်ဆင့် ကချင်နှင့် စစ်ကိုင်း အထက်ပိုင်းတွင် အင်အားဖြည့်တင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို မြို့လှ PDFက အကြိမ်ကြိမ် ဆီးကြိုတိုက်ခိုက်ခဲ့သည်။

ဇန်နဝါရီ ၅ရက်က အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများတင်ဆောင်လာသည့် သဘော်တစ်စီးပျက်စီးကာ စစ်ကောင်စီတပ်သား ၅၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြို့လှ PDFက ထုတ်ပြန်ထားသည်။

အလားတူ ဇန်နဝါရီ ၈ ရက်ကလည်း ရွှေကူမြို့ နယ်အတွင် တိုက်ပွဲ နှစ်နေရာဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၂၅ဦးခန့် သေဆုံးနိုင်ကြောင်း မြို့လှPDF က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

Facebook