Connect with us

Hi, what are you looking for?

News

အရာတော်နယ် ငွေတွင်းကျေးရွာမှ ပျူစောထီးများ၏အမည်စာရင်း ARA ကြေညာ

လက်နက်ချပြီး မိမိအန္တရာယ်အတွက် ရွာမှ ထွက်ခွာလိုပါက ထွက်ခွာမည့်နေရာအားတော်လှန်ရေးအင်အားစုသို့ ဆက်သွယ်အကြောင်းကြားရမည် ဟု အသိပေးသည်။

လက်နက်ချ၍ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက ချေမှုန်းသွားမည်ဟု သတိပေး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှ ပျူစောထီးများ၏အမည်စာရင်းကို အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု(ARA)က ယနေ့(ဇန်နဝါရီ ၂၀ ရက်)တွင် ထုတ်ပြန်သည်။

အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုသည် ပျူစောထီးများအား မိမိတို့နည်းတူ အဖိနှိပ်ခံပြည်သူဖြစ်လင့်ကစား ဘာသာရေး၊ လူမျိုးရေးမှိုင်းတိုက်ခံရသော စစ်တပ်၏ အသေခံ၊အသုံးချခံ ရန်သူ့လက်ကိုင်တုတ်များအဖြစ် ရှု့မြင်ကြောင်း အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဒလံ၊ ပျူစောထီးများကို စောင့်ကြည့်အတည်ပြုခြင်း ၊သတိပေးခြင်း၊လိုက်နာပူးပေါင်းရန်ဆောင်ရွက်ခြင်းစသည့် အဆင့်များဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး လက်နက်ချ၍ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက ရန်သူစစ်ကောင်စီနှင့် တတန်းတည်းထား၍ ချေမှုန်းသွားမည်ဟု ARA က သတိပေးသည်။

Public Service Announcement

Public Service Announcement

ယခု ထုတ်ပြန်သည့် ပျူစောထီး ၄၄ ဦးသည် ငွေတွင်းကျေးရွာမှ ဖြစ်ပြီးသတိပေးခြင်းအဆင့်ကို ကျော်လွန်ခဲ့ပြီဖြစ်ကြောင်းလည်း ARA က ဆိုသည်။

“အခုက လက်နက်ကိုင်နေတဲ့ ပျူစောထီးစာရင်းပါ။ နောက်ပြီး စစ်ခွေးတွေကို ထောက်ခံတဲ့ငွေတွင်းရွာက အမာခံဘောမစာရင်းရော၊ ကားတွေရိက္ခာတွေ ကူပေးနေတဲ့လုပ်ငန်းရှင်စာရင်းရော ရထားပြီးဖြစ်တယ်”ဟု ARA မှ ဗိုလ်ပေါက်စီက လူထုနွေဦးသို့ ပြောသည်။

ထို့ကြောင့် အဆိုပါ ပျူစောထီး ၄၄ ဦးသည် အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်အဖြစ် မပတ်သက်တော့ပါကြောင်း ဝန်ခံကတိပြုပြီး နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းထံတွင် လက်နက်ချရမည်ဟု ထပ်လောင်း သတိပေးသည်။

လက်နက်ချပြီး မိမိအန္တရာယ်အတွက် ရွာမှ ထွက်ခွာလိုပါက ထွက်ခွာမည့်နေရာအားတော်လှန်ရေးအင်အားစုသို့ ဆက်သွယ်အကြောင်းကြားရမည် ဟု အသိပေးသည်။

အရာတော်မြို့နယ်ရှိ ကျေးရွာအချို့သည် မဘသ နှင့် ပြည်ခိုင်ဖြိုးပါတီဝင်အချို့သည် ပျူစောထီး အမည်ခံကာ အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ပူးပေါင်းကာ ပြည်သူလူထုထံမှ အခွန် အကောက်များ အဓမ္မ တောင်းယူမှုများအပြင် နှိပ်စက်သတ်ဖြတ်မှု အချို့ ပြုလုပ်နေကြောင်းလည်း ဒေသခံများက ပြောကြားထားသည်။

ထို့ကြောင့် အရာတော်မြို့နယ် သလဲဘာကျေးရွာ မှ ပျူစောထီးများကို နိုဝင်ဘာလအတွင်းက ARA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးခေါင်းဆောင်း တောင်ကြီး ဆိုသူမှာထွက် ပြေးခဲ့ရကာ ၎င်းနောက်လိုက် ခြောက်ဦး သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook