Connect with us

Hi, what are you looking for?

LuduNwayOo

News

အရာတော်နယ် ငွေတွင်းကျေးရွာမှ ပျူစောထီးများ၏အမည်စာရင်း ARA ကြေညာ

လက်နက်ချပြီး မိမိအန္တရာယ်အတွက် ရွာမှ ထွက်ခွာလိုပါက ထွက်ခွာမည့်နေရာအားတော်လှန်ရေးအင်အားစုသို့ ဆက်သွယ်အကြောင်းကြားရမည် ဟု အသိပေးသည်။

လက်နက်ချ၍ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက ချေမှုန်းသွားမည်ဟု သတိပေး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှ ပျူစောထီးများ၏အမည်စာရင်းကို အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု(ARA)က ယနေ့(ဇန်နဝါရီ ၂၀ ရက်)တွင် ထုတ်ပြန်သည်။

အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုသည် ပျူစောထီးများအား မိမိတို့နည်းတူ အဖိနှိပ်ခံပြည်သူဖြစ်လင့်ကစား ဘာသာရေး၊ လူမျိုးရေးမှိုင်းတိုက်ခံရသော စစ်တပ်၏ အသေခံ၊အသုံးချခံ ရန်သူ့လက်ကိုင်တုတ်များအဖြစ် ရှု့မြင်ကြောင်း အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဒလံ၊ ပျူစောထီးများကို စောင့်ကြည့်အတည်ပြုခြင်း ၊သတိပေးခြင်း၊လိုက်နာပူးပေါင်းရန်ဆောင်ရွက်ခြင်းစသည့် အဆင့်များဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး လက်နက်ချ၍ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက ရန်သူစစ်ကောင်စီနှင့် တတန်းတည်းထား၍ ချေမှုန်းသွားမည်ဟု ARA က သတိပေးသည်။

Public Service Announcement

Public Service Announcement

ယခု ထုတ်ပြန်သည့် ပျူစောထီး ၄၄ ဦးသည် ငွေတွင်းကျေးရွာမှ ဖြစ်ပြီးသတိပေးခြင်းအဆင့်ကို ကျော်လွန်ခဲ့ပြီဖြစ်ကြောင်းလည်း ARA က ဆိုသည်။

“အခုက လက်နက်ကိုင်နေတဲ့ ပျူစောထီးစာရင်းပါ။ နောက်ပြီး စစ်ခွေးတွေကို ထောက်ခံတဲ့ငွေတွင်းရွာက အမာခံဘောမစာရင်းရော၊ ကားတွေရိက္ခာတွေ ကူပေးနေတဲ့လုပ်ငန်းရှင်စာရင်းရော ရထားပြီးဖြစ်တယ်”ဟု ARA မှ ဗိုလ်ပေါက်စီက လူထုနွေဦးသို့ ပြောသည်။

ထို့ကြောင့် အဆိုပါ ပျူစောထီး ၄၄ ဦးသည် အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်အဖြစ် မပတ်သက်တော့ပါကြောင်း ဝန်ခံကတိပြုပြီး နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းထံတွင် လက်နက်ချရမည်ဟု ထပ်လောင်း သတိပေးသည်။

လက်နက်ချပြီး မိမိအန္တရာယ်အတွက် ရွာမှ ထွက်ခွာလိုပါက ထွက်ခွာမည့်နေရာအားတော်လှန်ရေးအင်အားစုသို့ ဆက်သွယ်အကြောင်းကြားရမည် ဟု အသိပေးသည်။

အရာတော်မြို့နယ်ရှိ ကျေးရွာအချို့သည် မဘသ နှင့် ပြည်ခိုင်ဖြိုးပါတီဝင်အချို့သည် ပျူစောထီး အမည်ခံကာ အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ပူးပေါင်းကာ ပြည်သူလူထုထံမှ အခွန် အကောက်များ အဓမ္မ တောင်းယူမှုများအပြင် နှိပ်စက်သတ်ဖြတ်မှု အချို့ ပြုလုပ်နေကြောင်းလည်း ဒေသခံများက ပြောကြားထားသည်။

ထို့ကြောင့် အရာတော်မြို့နယ် သလဲဘာကျေးရွာ မှ ပျူစောထီးများကို နိုဝင်ဘာလအတွင်းက ARA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးခေါင်းဆောင်း တောင်ကြီး ဆိုသူမှာထွက် ပြေးခဲ့ရကာ ၎င်းနောက်လိုက် ခြောက်ဦး သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။