Connect with us

Hi, what are you looking for?

News

စန်းမြို့ရွာသို့ မီးလာရှို့သည့်စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီမှ စန်းမြို့ရွာကိုမီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ်၇၀ကျော် ပျက်စီးဆုံးရှုံးခဲ့ဟု YDFက ဖော်ပြခဲ့ပြီး ယောဒေသတွင် လတ်တလော တိုက်ပွဲများဆက်လက် ပြင်းထန်လာနိုင်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်မှ လေးဦးသေ၊ ၁၀ဦးခန့် ဒဏ်ရာရဟု YDFထုတ်ပြန်

မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ရွာရှိ နေအိမ်များကို မီးလာရှို့သည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ယောဒေသကာကွယ်ရေးတပ်(YDF)နှင့် မဟာမိတ်တပ်များက ပြန်လည်ခုခံရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု YDFက ယနေ့ ထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း၊ ကျောက်ပြုတ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီအင်အား ၄၀ခန့်နှင့် မြောက်ခင်ရန်းရွာ၊ကုက္ကားရွာ၊ ဟံသာဝတီ ရွာများမှ ပျူစောထီးများသည် ဇန်နဝါရီ ၁၈ရက် နေ့လယ်ပိုင်းတွင် စန်းမြို့ရွာရှိ နေအိမ်များကို ဒုတိယအကြိမ် လာရောက်မီးရှို့ဖျက်စီးခဲ့၍ ခုခံတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲ၌ YDFမှ ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီမှ စန်းမြို့ရွာကိုမီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ်၇၀ကျော် ပျက်စီးဆုံးရှုံးခဲ့ဟု YDFက ဖော်ပြခဲ့ပြီး ယောဒေသတွင် လတ်တလော တိုက်ပွဲများဆက်လက် ပြင်းထန်လာနိုင်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာအတွင်းကလည်း စန်းမြို့ရွာသို့ ဝင်ရောက်၍ ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်များမီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။