Connect with us

Hi, what are you looking for?

LuduNwayOo

News

စန်းမြို့ရွာသို့ မီးလာရှို့သည့်စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီမှ စန်းမြို့ရွာကိုမီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ်၇၀ကျော် ပျက်စီးဆုံးရှုံးခဲ့ဟု YDFက ဖော်ပြခဲ့ပြီး ယောဒေသတွင် လတ်တလော တိုက်ပွဲများဆက်လက် ပြင်းထန်လာနိုင်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်မှ လေးဦးသေ၊ ၁၀ဦးခန့် ဒဏ်ရာရဟု YDFထုတ်ပြန်

မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ရွာရှိ နေအိမ်များကို မီးလာရှို့သည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ယောဒေသကာကွယ်ရေးတပ်(YDF)နှင့် မဟာမိတ်တပ်များက ပြန်လည်ခုခံရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု YDFက ယနေ့ ထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း၊ ကျောက်ပြုတ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီအင်အား ၄၀ခန့်နှင့် မြောက်ခင်ရန်းရွာ၊ကုက္ကားရွာ၊ ဟံသာဝတီ ရွာများမှ ပျူစောထီးများသည် ဇန်နဝါရီ ၁၈ရက် နေ့လယ်ပိုင်းတွင် စန်းမြို့ရွာရှိ နေအိမ်များကို ဒုတိယအကြိမ် လာရောက်မီးရှို့ဖျက်စီးခဲ့၍ ခုခံတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲ၌ YDFမှ ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီမှ စန်းမြို့ရွာကိုမီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ်၇၀ကျော် ပျက်စီးဆုံးရှုံးခဲ့ဟု YDFက ဖော်ပြခဲ့ပြီး ယောဒေသတွင် လတ်တလော တိုက်ပွဲများဆက်လက် ပြင်းထန်လာနိုင်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာအတွင်းကလည်း စန်းမြို့ရွာသို့ ဝင်ရောက်၍ ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်များမီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။