Connect with us

Hi, what are you looking for?

News

လောင်းလုံမြို့နယ်တွင် ပျူ​စေားထီးစခန်းတစ်ခုကို PDFများက သိမ်းပိုက်၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

ပျူစောထီးတို့၏ လက်လုပ်ဘော်ကာ(၆)လက်၊ M416 ကျည်(၁၀၀)ခန့်၊လက်ကိုင်ဖုန်း(၃)လုံး၊ဆိုင်ကယ်(၅)စီး၊ဓားမကြီး(၅)လက်တို့ သိမ်းဆည်းရမိခဲ့​ကြောင်း ဒေသခံကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

(သိမ်းဆည်းရမိ​သောလက်နက်၊ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ ။ ဓါတ်ပုံ-​လောင်းလုံ-PDF)

ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ကရင်ကြီး-ကမ်းပနီရွာပျူစောထီးစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေ ဝင်ရောက်သိမ်းပိုက်ပြီး လက်နက်နှင့်ခဲယမ်းများသိမ်းဆည်းရမိကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

(သိမ်းဆည်းရမိ​သောလက်နက်၊ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ ။ ဓါတ်ပုံ-​လောင်းလုံ-PDF)

အထက်ပါ ပျူစောထီးစခန်းကို ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် ​လောင်လုံ ပြည်သူ့ကာကွယ်​ရေးတပ် (LPDF) နှင့် ထားဝယ်ကာကွယ်​ရေးတပ်ဖွဲ့(DDT)တို့ပူးပေါင်းပြီးယမန့်နေ့ည(ဇန်နာဝါရီ၂၀ ညသန်း​ခေါင်ယံ) တွင်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ပျူစောထီးတို့၏ လက်လုပ်ဘော်ကာ(၆)လက်၊ M416 ကျည်(၁၀၀)ခန့်၊လက်ကိုင်ဖုန်း(၃)လုံး၊ဆိုင်ကယ်(၅)စီး၊ဓားမကြီး(၅)လက်တို့ သိမ်းဆည်းရမိခဲ့​ကြောင်း ဒေသခံကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

ထိုစခန်းကို ယမန်နေ့က ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သေးပြီး LPDF နှင့် DDTအဖွဲ့သားတို့ဖက်မှ ထိခိုက်ကျ ဆုံးမှုမရှိခဲ့​ပေ။ ပျူ​စောထီးများ ထိ့ခိုက်​သေဆုံးမှုအ​ခြေအ​နေမှာ သတင်းထုတ်ပြန်ချက်တွင်မပါရှိဘဲ၊ ဖက်ဆစ်တပ်၏လက်ပါးစေ ပျူစောထီး၊ဒလန်တို့ကို ဆက်လက်ရှင်းလင်းသုတ်သင်သွားမည်ဟု ​လောင်လုံPDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရမိသည် ဖုန်းနှင့်ဆိုင်ကယ်များကို အမျိုးသားညီညွတ်​ရေးအစိုးရထံအပ်နှံသွားမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။