ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ကရင်ကြီး-ကမ်းပနီရွာပျူစောထီးစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေ ဝင်ရောက်သိမ်းပိုက်ပြီး လက်နက်နှင့်ခဲယမ်းများသိမ်းဆည်းရမိကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

အထက်ပါ ပျူစောထီးစခန်းကို ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် လောင်လုံ ပြည်သူ့ကာကွယ်ရေးတပ် (LPDF) နှင့် ထားဝယ်ကာကွယ်ရေးတပ်ဖွဲ့(DDT)တို့ပူးပေါင်းပြီးယမန့်နေ့ည(ဇန်နာဝါရီ၂၀ ညသန်းခေါင်ယံ) တွင်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ပျူစောထီးတို့၏ လက်လုပ်ဘော်ကာ(၆)လက်၊ M416 ကျည်(၁၀၀)ခန့်၊လက်ကိုင်ဖုန်း(၃)လုံး၊ဆိုင်ကယ်(၅)စီး၊ဓားမကြီး(၅)လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။
ထိုစခန်းကို ယမန်နေ့က ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သေးပြီး LPDF နှင့် DDTအဖွဲ့သားတို့ဖက်မှ ထိခိုက်ကျ ဆုံးမှုမရှိခဲ့ပေ။ ပျူစောထီးများ ထိ့ခိုက်သေဆုံးမှုအခြေအနေမှာ သတင်းထုတ်ပြန်ချက်တွင်မပါရှိဘဲ၊ ဖက်ဆစ်တပ်၏လက်ပါးစေ ပျူစောထီး၊ဒလန်တို့ကို ဆက်လက်ရှင်းလင်းသုတ်သင်သွားမည်ဟု လောင်လုံPDFက ထုတ်ပြန်သည်။

Public Service Announcement
သိမ်းဆည်းရမိသည် ဖုန်းနှင့်ဆိုင်ကယ်များကို အမျိုးသားညီညွတ်ရေးအစိုးရထံအပ်နှံသွားမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
