Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်တိုင်းတွင် ပျံလွှား​အောင်စစ်ဆင်​ရေးအရ တစ်ပတ်အတွင်း မြို့နယ်ခုနစ်ခုတွင် တိုက်ခိုက်

ရန်ကုန်တိုင်းရှိ မြို့နယ်ခုနစ်ခုတွင် “ပျံလွှားအောင်” စစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့(ဇန်နဝါရီ ၂၂ ရက်)တွင် ထုတ်ပြန်သည်။

(ဇန်နဝါရီ၁၈ရက်က ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်​ရေး ဆန္ဒပြကန့်ကွက်​နေစဥ်)

▪️စစ်​ကောင်စီတပ်သား နှစ်ဦး​သေပြီး အများအပြားဒဏ်ရာရ

ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်များအပေါ် စစ်ရေးအရ အရေးယူတုန့်ပြန်တိုက်ခိုက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ “ပျံလွှားအောင်” စစ်ဆင်ရေးအနေဖြင့် ဇန်နဝါရီ ၁၆ရက်မှ ၂၂ရက်(နံနက်ပိုင်းအထိ) ဖော်ပြပါ မြို့နယ်များ၌ စစ်ဆင်ရေးလှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့ကြောင်း အသိပေးသည်။

တောင်ဥက္ကလာ

တောင်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက်ရှိ EPC ရုံးအနီး ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပစ်မှတ်ထား၍ ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီ အချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် The Boys နှင့် DRF တပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရန်သူတပ်သားသုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

အင်းစိန်

အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ အင်းစိန်ထောင်ဝန်းအတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများအပေါ် နှိပ်စက်ညှဉ်းပန်းနေသည့် စစ်ကောင်စီလက်ပါးစေ အင်းစိန်ထောင်ဝန်ထမ်းများကို ပစ်မှတ်ထား၍ ဇန်နဝါရီ ၁၆ရက်ည ၈နာရီခန့်တွင် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်း ဖောက်ခွဲပြီး ပထမအကြိမ် သတိပေးခဲ့သည်။

တိုက်ကြီး

တိုက်ကြီးမြို့နယ် ထွေအုပ်ရုံးအနောက်ဘက်ခြမ်းတွင် ကင်းပုန်းဝပ်နေရာယူထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားပြီး ဇန်နဝါရီ ၂၁ ရက်နံနက် ၆ နာရီခန့်က နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အဝေး ထိန်းမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရန်သူနှစ်ဦး နေရာတွင် ပွဲချင်းပြီးသေ ဆုံးကာ အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မင်္ဂလာဒုံ

မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ဂိတ်ပေါက်တွင် ကင်းစောင့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများအား ပစ်မှတ်ထား၍ ဇန်နဝါရီလ ၂၁ ရက်နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် DRF တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာရန်သူတပ်သား​လေးဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တောင်ဒဂုံ

တောင်ဒဂုံမြို့နယ် (၇၁) ရပ်ကွက် နဝဒေးလမ်းမပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ အခြေချတပ်စွဲထားရာ နေရာကို ဇန်နဝါရီ ၂၁ ရက် ည ၈ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် F2Y တပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့်သုံးကြိမ်တိုင်တိုင် အဆင့်ဆင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရန်သူတပ်သားအချို့ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တာမွေ

တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ အခြေပြုလှုပ်ရှားနေသည့် ယာဉ်ထိန်းရဲကင်းကို ဇန် နဝါရီ ၂၂ ရက် နံနက် ၆ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် People Network တပ်ဖွဲ့ ဝင်များက အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်သား များ အသုံးပြုလျက်ရှိသော CCTV Control Box ပျက်စီးပြီး ရန်သူအချို့ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လှိုင်သာယာ

လှိုင်သာယာမြို့နယ် (၂၀)ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ စခန်းချရာ အဆောက် အအုံကို ဇန်နဝါရီ ၂၂ ရက် နံနက် ၁၀ နာရီခန့်တွင် နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်းနှစ်လုံးဖြင့် အဆင့်ဆင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရန်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။